တောက်ထန်ကျေးရွာအတွင်းရှိ အိမ်ခြံဝိုင်းများကို ဖယ်ရှားထွက်ခွာရန် အသိပေးအကြောင်းကြား

Wednesday, May 23, 20120 မှတ်ချက်များ


ပြီးခဲ့သည့် မတ်လ (၂၇)ရက် နေ့မှစတင်၍နေပြည်တော်ကောင် စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ပြန်က ပြေးကျေးရွာအုပ်စု၊ တောက်ထိန် ကျေးရွာအတွင်းရှိ သားစဉ်မြေးဆက် အစဉ်အဆက်နေထိုင်ခဲ့သော ကျေးရွာသူ/သားများ၏ နေအိမ် ခြံဝိုင်းများကို ကျူးကျော်ဆောက် လုပ်ထားသောနေအိမ်များအဖြစ် သက်မှတ်ပြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနကဖယ်ရှားခိုင်း ကြောင်း သိရှိရပါသည်။

ထို့သို့နေအိမ်များ ဖယ်ရှား ခိုင်းမှုများနှင့် ပတ်သက်ပြီးတောက် ထိန်ကျေးရွာရှိ ကျေးရွာသူ/သား များက မိမိတို့၏ ဘိုးဘွားများနှင့် မိဘများအနေဖြင့် (၁၉၈၅) ခုနှစ် မှစတင်၍ ရဲဘော်သုံးကျိပ်ဗိုလ် တောက်ထိန်ကဆန်တစ်အိတ်ငွေ (၁)ကျပ်ပေး၍ ရွာတည်ရန်ခေါ် ယူခဲ့သည့်အချိန်မှစတင်နေထိုင် လာခဲ့ကြပြီး မိမိတို့အနေဖြင့်လည်း မိဘဘိုးဘွားများနှင့် အတူ လက်ပွန်း တတီးလုပ်ကိုင်စားသောက်နေထိုင် ခဲ့သူများဖြစ်ကြသည်။ ယခုလိုမျိုး နေအိမ်များဖယ်ရှားထွက်ခွာခိုင်း သည့်အဖြစ်မျိုး ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်ကြုံတွေ့ခဲ့ရပြီး နိုင်ငံတော် အကြီးအကဲများကိုတင်ပြသည့် အခါ ရွာတည်ကတည်းကနေထိုင် လာကြသည့် ကျေးရွာသူ/သားများ ဖြစ်သောကြောင့် ဆက်လက်နေ ထိုင်ခွင့်ရရှိခဲ့ပါသည်။ နောက်ပိုင်း တွင် တောက်ထိန်ကျေးရွာရှိရွာသူ/ သားများ၏ အိမ်ခြံဝိုင်းများနှင့် ယာမြေများကို မြို့နယ်နှင့်ကျေး ရွာအုပ်ချုပ်ရေးမှူးအဆက်ဆက်မှ ၎င်းတို့၏ မိသားစုဝင်များ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းများနှင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်တို့၏ အမည် များကို စာရွက်ပေါ်တွင် အကွက် ရိုက်ဖော်ပြထားသောကြောင့် နဂိုမူ လ အိမ်နှင့် ခြံဝိုင်းပိုင်ရှင်များ တရားစွဲဆိုခံရသည့်အဖြစ်မျိုးနှင့် ကြုံနေရပါသည်ဟု ဒေသခံရွာ သားတစ်ဦးကပြောပြပါသည်။
““ကျွန်တော်တို့ကျေးရွာရှိ အိမ်ခြံဝိုင်းများကို နိုင်ငံတော်က ခွင့်ပြုမိန့်မပါဘဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက အလံတွေစိုက် ၍ အိမ်တွေဖျက်ခိုင်းပါတယ်။ စာအမျိုးမျိုးထုတ်ပြီးမဖယ်ရှားပေး ပါက တရားစွဲမယ်လို့လည်းပြောပါ တယ်။ ကျွန်တော်တို့ ကျေးရွာရှိ အိမ်ခြံဝိုင်းများကိုဖယ်ရှားပေးရမည် ဆိုလျှင်လည်း ဒီမှာနေသည့် ကျေးရွာသူ/သားများအနေဖြင့် ဘယ်နေရာမှသွားနေစရာမရှိပါဘူး။ အုပ်ချုပ်ရေးမှူးတွေကလည်း ကျွန်တော်တို့ကို မြေနေရာမြေ အစားမပေးသည့်အတွက် ဖယ်ရှား ထွက်ခွာပေးရန်အခက်အခဲများရှိ နေပါသည်””ဟု တောက်ထိန်ရွာသား စစ်မှုထမ်းဟောင်း ဦးခင်မောင်စိုး ကပြောကြားပါသည်။

““ကျွန်တော်သိရသလောက် တော့ ၁၉၈၄ ခုနှစ်မှာ အကွက် ရိုက်ပြီးတော့ လန-၃၉ချပေးတယ်။ အကွက်လွတ်တွေကျန်တယ်။ နောက်သက်တမ်းပြောင်းလာတော့ အကွက်လွတ်တွေကျန်တဲ့အတွက် ထပ်ချပေးတယ်။ အဲဒီနည်းနဲ့ပဲချ ပေးတာလို့ထင်ပါတယ်။ ဇမ္ဗူသီရိ မြို့နယ်မှာ တာဝန်ထမ်းဆောင်နေ ချိန်အတွင်း တောက်ထိန်ကျေး ရွာရှိအိမ်ခြံဝိုင်းများကို ဖယ်ရှားထွက် ခွာပေးရန် ဘယ်ဝန်ကြီးဌာနမှ ညွှန်ကြားထားတာမရှိပါဘူး။ တရားစွဲဆိုခြင်း၊ ဖယ်ရှားထွက်ခွာ ခိုင်းခြင်းများကို ကျွန်တော်တို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာက ယခုအချိန်အထိ မလုပ်ဆောင်ခဲ့ပါ”” ဟု နေပြည်တော်ကောင်စီ၊ ဇမ္ဗူ သီရိမြို့နယ် ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာနဦးစီးမှူးဦးကျော်ဝင်း က ပြောပါသည်။

သတင်းအတည်ပြုရန်အတွက် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိ မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးအား တွေ့ဆုံခွင့်တောင်းခဲ့ ပေမယ့် တွေ့ခွင့်ရမရှိပါ။ အုပ်ချုပ် ရေးမှူးအစည်းအဝေသွားနေသည် ဟုသာ ၀န်ထမ်းတစ်ဦးကပြန်လည် ဖြေကြားခဲ့ပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး ဦးဝင်းမော်ကနေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် ပြန်က ပြေးကျေးရွာအုပ်စု၊ တောက်ထိန်ကျေးရွာအတွင်းရှိ သားစဉ်မြေဆက်အစဉ်အဆက် နေထိုင်ခဲ့သော ကျေးရွာသူ/သား များ၏ နေအိမ်ခြံဝိုင်းများကို ကျူးကျော်ဆောက်လုပ်ထားသော နေအိမ်များအဖြစ်သတ်မှတ်ပြီး ဖယ်ရှားထွက်ခွာရန် အကြောင်း ကြားစာများအကြိမ်ကြိမ်ပေးပို့ထား ကြောင်း စုံစမ်းသိရှိရပါသည်။

အဖေ့သား(ပဲခူး) Hot News
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger