တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး အာရှပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့
တရုတ်သမ္မတ ဟူကျင်တောင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တရုတ်သမ္မတဟာ မြို့တော်ပေကျင်းမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာမြောက် စီးပွားရေး ဆွေးနွေးပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့အကြား ချစ်ကြည်ရေး ထူထောင်ဖို့ နှစ်နိုင်ငံစလုံးအနေနဲ့ တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း သက်ဆိုင် ရာ နှစ်နိုင်ငံအနေနဲ့ ကဏ္ဍစုံမှာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာ အရေးကိစ္စတွေအပေါ် ညှိနှိုင်းမှုတွေ ပြုလုပ်သင့်ေ ကြာင်း တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။ အာရှ ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တိုးမြှင့်ဖို့ တရုတ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ ပူးပေါင်းမှုမှတဆင့် သက်ဆိုင်ရာနှစ်နိုင်ငံနဲ့ တစ်ကမ္ဘာလုံးမှ ပြည်သူလူထုတွေကို အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ကြောင်း တရုတ်သမ္မတက တိုက်တွန်းပြောကြား ခဲ့တယ်လို့ သိရှိရပါတယ်။
Reference : Xinhua.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။