လမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ်

Tuesday, May 15, 20120 မှတ်ချက်များ

ယမင်း(မြစ်မခ)
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
 
လမ်း၊ တံတား ပြုပြင်ခြင်းလုပ်ငန်းများကြောင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး  မတန်တဆဈေးပေး၍ ဝယ်ယူမှုများရှိနေသည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
 
“ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေဈေးတွေက သင်္ကြန်မတိုင်မီကဈေးတွေအေးပြီး ပြန်ကျသွားသေးတယ်။ ဧပြီလကုန်ပိုင်းလောက်က ပြန်တက်လာတာဗထူးလမ်းမကြီးတစ်လျှောက်က အိမ်ခြံမြေတွေကတော့ လမ်းခင်း လိုက်တာနဲ့
ချက်ခြင်းကြီး ကိုတက်သွားတယ်။ ဈေးပေးဝယ်တဲ့သူကလည်းမူရင်းပေါက်တဲ့ဈေးထက် အများကြီး ကို ပေးဝယ်တာတွေ ရှိတယ်။

တချို့ဆိုငွေပိုပေးဝယ်တာတောင် မရောင်းချင်လို့ အိမ်မရောင်းပါဆိုပြီးဆိုင်းဘုတ်ကပ်ထားတာမျိုးတွေ ရှိတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှအိမ်ခြံမြေအကျိုးတော်ဆောင်မနော်က ပြော သည်။

အဆိုပါ လမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ဗိုလ်မှုးဗထူးလမ်းမကြီးပေါ်ရှိအိမ်ခြံမြေဈေးများမှာ ကျပ်သိန်း တစ်ထောင်ကျော်အထိ မြင့်တက်ခဲ့သည်ဟုသိရသည်။ ယခင်က ထိုနေရာများမှာ ကျပ်သိန်း ငါးရာဝန်းကျင် သာရှိခဲ့ပြီးလမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ယခုကဲ့သို့ မြင့်တက်ခဲ့သည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များ ကဆိုသည်။

“အခုလို အိမ်ခြံမြေဈေးတွေ မြင့်နေတာကို ထိန်းသင့်ပါတယ်။ အခုလိုမတရားမြင့်တက်လာတော့ အခြေခံ လူတန်းစားတွေအဖို့ အိမ်တစ်လုံးခြံတစ်ခုရှိဖို့ဆိုတာ ပိုပိုဝေးလာသလိုပါပဲ။ အိမ်ငှားဘဝနဲ့ ပဲသံသယာလည်နေကြမှာပဲ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၉ ရပ်ကွက်နေ မမိုးမိုးက ပြောသည်။

ငမိုးရိပ်ဘေလီတံတားစီမံကိန်းကြောင့် ဒဂုံမြိှု့သစ်မြောက်ပိုင်း (၃၅)၊(၃၄)၊ (၃၃)ရပ်ကွက်များရှိ အိမ်ခြံမြေ ဈေးများလည်း   မြင့်တက်ခဲ့သည်ဟုသိရသည်။တံတားစီမံကိန်းအနီးရှိ အိမ်ခြံမြေများသည် ပေ ၄၀ ပေ ၆၀တစ်ကွက်လျှင် သိန်းနှစ်ထောင်ကျော် အထိ ရှိနေသည်ဟု သိရသည်။

၎င်းတံတားစီမံကိန်းပြီးစီးပါက ဈေးနှုန်း များ ထပ်မံတက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုး တော်ဆောင်များက ခန့်မှန်းပြောဆိုသည်။ အဆိုပါနေရာများတွင်လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်က ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ခုလျှင် အနည်းဆုံးသိန်း ၂၅၀ မှ အများဆုံး သိန်း ၅၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း များထံမှ သိရသည်။ “စီမံကိန်းတွေကြောင့် ချည်းပဲမဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ဒဂုံမြို့သစ်မြောက်ပိုင်းက နေရာတကာ မှာ ဈေးတွေပြန်တက်နေ ကြတယ်”ဟုဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်မှ ကောင်းသန့် အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ ကိုသက်မိုးခိုင်က ပြောသည်။

 Shwe Myitmakha Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger