ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်အတွင်း ကားတစ်စီးမှ လူနေအိမတစ်လုံးအားဝင်တိုက်

Thursday, May 24, 20120 မှတ်ချက်များ

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် လက်ပံပင်စုရွာအနီးမှာ ဧပရယ်လ ၂၇ ရက်နေ့က ရန်ကုန်ကနေ မောင်းနှင်လာတဲ့ ခရီးသည်တင်ဘတ်စ်ကားတစီး လူနေအိမ်ထဲအထိ ကားတစိး လုံး ၀င်တိုက်မိခဲ့ပေမဲ့ သက်ဆိုင်ရာက ကားသမားကို အရေးယူခြင်းမရှိကြောင်း အတိုက်ခံရတဲ့ အိမ်ပိုင်ရှင် ဥိးအေးထွန်းက ပြောပါတယ်။ မြရတနာယာဉ်လိုင်းက ရန်ကုန်-...တောင်တွင်းကြီး ပြေးဆွဲနေတဲ့ ဘတ်စ် ကားတစိးဟာ ပြည်ဘက်ကနေ မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဟီးနိုးတီအီးကားကို တိုက်မိပြီးတဲ့ နောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဥိးအေးထွန်းရဲ့လူနေအိမ်ထဲထိ ကားတစီးလုံး ၀င်တိုက်ခဲ့တာဖြစ် ပါတယ်။ ဒီ့အတွက် ဦးအေးထွန်းရဲ့ ခြံဝင်းအုတ်တံတိုင်း၊ အိမ်ရှေ့ စတိုးဆိုင်သာမက နေအိမ်တခုလုံး ပြိုကျ ပျက်ဆိးခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ကားပိုင်ရှင်ကရော သက်ဆိုင်ရာ တာဝန်ရှိသူတွေကပါ ပြိုကျ ပျက်ဆိးမှုတွေကို တာဝန်ယူ ဖြေရှင်းတာမျိုး မရှိကြောင်း ဦးအေးထွန်းက ပြောပြခဲ့ပါတယ်။ 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger