မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း...

Sunday, May 13, 20120 မှတ်ချက်များ

လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ရာတွင် မြေအောက်ကေဘဲလ်ကြိုးများ ထိခိုက်မိသောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်မြန်နှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရှိ ရသည်။

“လှည်းတန်းကုန်ကျော် တံတားဆောက်နေတယ်လေ၊ အဲ့ဒီတော့ မြေအောက်ကိုတူးနေကြတော့ မြေအောက် ကေဘဲလ်ကြိုးကို ထိမိခိုက်မိတော့ အင်တာနက်ဆိုင်တွေ အင်တာနက်ကော်နက်ရှင်ကျတာမျိုး၊ ဖုန်းအင်တာ နက်တွေ သုံးမရတာပါ” ဟု call center မှ မဒါလီက ပြောသည်။

အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်များ ကော်နက်ရှင် ကျဆင်းရသော အခြားအကြောင်းအရင်းမှာ စမ်းချောင်းမြို့နယ်တွင် လမ်းများပြင်ဆင်နေခြင်းကြောင့်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

မြေအောက်ကေဘဲလ်ကြိုးများ ထိမိခိုက်မိခြင်းများကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိကြောင်း နှင့် မည်သည့် အချိန်တွင် ပြင်ဆင်မည်ကိုတော့ ရက်အတိအကျ မသိရှိရသေးကြောင်း နှင့် ပြင်ဆင်ပြီးပါက အင်တာနက် ကော်နက်ရှင် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သိရှိရသည်။

“ ဟံသာဝတီ ၊ အ၀ိုင်းနားမှာလဲ ကေဘဲလ်ကြိုးတွေ ပျက်ဆီးနေတယ် အဲ့ဒါကို ပြန်ပြင်ဖို့ အစီစဉ်တော့ရှိတယ် ရက်တော့ အတိအကျ မသိသေးဘူး အဲ့ဒါတွေ ပြင်ဆင်ပြီးရင်တော့ အင်တာနက်က ပြန်ကောင်းလာမှာပါ မြန်မာနိုင်ငံမှာ အင်တာနက်ကျတာ အထူးအဆန်းမဟုတ်ပါဘူး” ဟု call center မှ မဒါလီက ပြောသည်။

ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း အင်တာနက်သုံးစွဲသူအချို့မှာ အင်တာနက်သုံးစွဲမှု အဆင်မပြေခြင်းကြောင့် နီးစပ်ရာ ဖုန်းဆိုင်များသို့ သွားရောက်ပြသခြင်းမျိုးလည်းရှိကြောင်း သိရှိရသည်။

“ ကျွန်မဖုန်းက ဂျီအက်စ်အမ်လေ ဖုန်းအင်တာနက်လိုင်းက မကောင်းလို့လား ကျွန်မဟန်းစက်ကဘဲ တစ်ခုခု ဖြစ်လားဆိုပြီး Mr. Fone ကိုသွားပြတော့ ကျွန်တော့်လိုင်းနဲ့ ဆန်းကြည့်တာ ရတယ်တဲ့ ဟန်းဆက်က ဖြစ်တာ မဟုတ်ဘူး သူ့နဂိုအင်တာနက်ဖုန်းလိုင်းက ဖြစ်တာလို့ပြောတယ် “ ဟု မရမ်းကုန်းမြို့နယ်မှ ငါးသိန်းဖုန်း သုံးစွဲ သူတစ်ဦးက ပြောသည်။
Shwe Myitmakha Media Group


Flag · Edit · Delete
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger