ရန်ကုန်မြို့လူထု ၆ နာရီ တစ်ကြိမ် အလှည့်ကျ မီးရမည်

Saturday, May 19, 20120 မှတ်ချက်များ

230 KV မဟာ ဓါတ်အားလိုင်းအားတွေ့ ရစဉ်(ဓါတ်ပုံ-Google Images)
ရန်ကုန် ၊ မေ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် မိုင် ၃၀ ခန့် အကွာ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KV မဟာ ဓါတ်အားလိုင်း အား ယနေ့နံနက် ၂ နာရီ ၄၇ မိနစ် ခန့်တွင် ဖေါက်ခွဲ ဖျက်ဆီး ခြင်းခံရသည့်အတွက် မေလ ၂၁ရက် နေ့မှ စတင်ကာ ရန်ကုန်စက်မှုဇုံများအား လျှပ်စစ်ဓါတ်အား ဖြတ်တောက်၍ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် များအား ၆နာရီ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ယနေ့နံနက်တွင်ပြုလုပ်သော အရေးပေါ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောပြခဲ့သည်။

ပြီးခဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းကလည်း ရွှေလီ ရေအား လျှပ်စစ် စီမံကိန်း မန်ဆန် ဓါတ်အားပေးစက်ရုံခွဲ ၏ ခြံစည်းရိုးအနီးတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

အောက်မှာလည်းထောက်ခံပါဦးဗျ။ ဘယ်လောက်ထိဆိုးလဲကောင်းလဲ။ အဝေအဖန်ပေါ့။

အဲ့စနစ်ပြန်သုံးတာ ကောင်းသလား။ ပုံမှန်ပေးသင့်သလား။
ပုံမှန်တော့ပေးသင့်ပါတယ်။ မိုးကလည်းရွာနေတာ မီးဖျက်လို့မကောင်းဘူး။
၆နာရီဆိုရင် ကောင်းလည်းကောင်းတယ်။ အန္တရာယ်မရှိဘူးပေါ့။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger