ကျောင်းအပ်နှံရာတွင် အလှူငွေကောက်ခံမှုများ ပြင်းထန်စွာ အရေးယူမည်
Sunday, May 27, 20120 မှတ်ချက်များ
ကျောင်းအပ်နှံချိန်ကာလဖြစ်သည့် မေလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကျောင်းအပ်နှံသူ မိဘများထံမှ အလှူငွေ ကောက်ခံပါက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများကို ပြင်းထန်စွာ အရေးယူသွား မည်ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။ အလှူငွေ ကောက်ခံခြင်းကို တားမြစ်ထားခြင်းကြောင့် ကျောင်းအံနှံချိန်တွင် အလှူငွေများ မကောက် ခံသော်လည်း ကျောင်း၏ ပြည်ပပြင်ဆင်မှုများအတွက် မတည်ပြုပြင်ပေးမှုများကို ကျောင်းသားမိဘများက လုပ်ဆောင်ပေးသည်မျိုးရှိကြောင်း အ.ထ.က (၂) ဗဟန်းမှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။ ပညာရေး ၀န်ကြီးဌာနက ပေးသော ထောက်ပံ့ငွေသည် ရန်ပုံငွေနည်းပါးသော ကျောင်းများအတွက် လုံလောက်မှုမရှိကြောင်း၊ အလှူငွေ ကောက်ခံခွင့်မပြုပါက ထောက်ပံ့ငွေ တိုးမြှင့်ပါက ပို၍ အဆင်ပြေနိုင်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၄) မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ပြောသည်။ ကျောင်းအုပ်ဆရာ၊ ဆရာမများအတွက် မြို့နယ်ပညာရေးမှူးရုံးက တစ်နှစ်လျှင် ကျပ်သုံးသောင်းတိတိ ထောက်ပံ့ပေးသော်လည်း ကုန်ကျစရိတ် လိုအပ်ချက်များရှိသောကြောင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသား ၂၀၀ အောက် ကျောင်းများ အတွက် ငါးသောင်းကျပ်၊ ကျောင်းသား ၂၀၀ နှင့်အထက် ကျောင်းများအတွက် ကျပ် တစ်သိန်းအထိ တိုးမြှင့်ပေးမည်ဟု တရားဝင် ထုတ်ပြန်ထားကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် the voice သတင်းစာ တွင် ဖော်ပြထားပါသည်။
Labels:
ပြည်တွင်းသတင်း
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။