လှိုင်သာယာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန်(ရုပ်/သံ)

Saturday, May 19, 20120 မှတ်ချက်များ

ရန်ကုန်၊ မေ ၁၈

လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွါးနေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် စက်ရုံများတွင် အလုပ်ရှင် အလုပ်သမားများ ညှိနှိုင်းမှု အဆင်မပြေသဖြင့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု များ ပြင်းထန်လာကြောင်း အဆိုပါစက်မှုဇုန် အတွင်းမှ စုံစမ်း သိရှိရသည်။

“သဘောတူ စာချုပ်ကို အသိအမှတ် မပြုဘူး။ လုပ်ချင်သလို လုပ်လို့ အလုပ်ရှင်က ပြောတယ်။ အဲဒါကြောင့် အလုပ်သမားတွေက မှန်တွေ ရိုက်ခွဲတဲ့အထိ ပြင်းထန်သွားတယ် “ ဟု Hi- Mo ဆံပင်တု စက်ရုံက အလုပ်သမားတစ်ဦးက ပြောကြားသည်။

ဆန္ဒပြမှု ပြင်းထန်သွားလာသဖြင့် အရပ်ဝတ် ၀တ်ဆင်ထားသာ လူတစ်စု စက်ရုံ အပြင်က ၀ိုင်းရံ ခြိမ်းခြောက်ပြီး အလုပ်သမားများကို စက်ရုံထဲတွင် ပိတ်လှောင်ထားကြောင်း၊ လျှပ်စစ်မီးများ ကိုလည်း ဖြတ်တောက် ထားသည်ထိ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန်လာကြောင်း Hi- Mo စက်ရုံက အလုပ်သမားများက ဆိုသည်။

အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူများ သုံးပွင့်ဆိုင် ညှိနှိုင်းပြီး သဘောတူညီထားသော စာချုပ်ကို အလုပ်ရှင် ဘက်က ဖောက်ဖျက်သဖြင့် အလုပ်သမား ဆန္ဒပြမှု ယင်းကဲ့သို့ ပြင်းထန် စွာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း မေလ ၁၀ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားသော ဆံပင်တု စက်ရုံက အလုပ်သမား များက ပြောကြားသည်။

အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန်နှင့် အလုပ်သမား အခွင့်အရေးများအတွက် တောင်းဆိုမှုတို့ကို အလုပ်ရှင်ဘက်က သဘောမတူ သဖြင့် ဆန္ဒပြမှုများ ပြင်းထန် လာခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

Hi- Mo ဆံပင်တု စက်ရုံ အပါအ၀င် ပုလဲ၊ စံပယ်ပွင့်၊ နေမင်းအောင်၊ Yk စသည့် အထည်ချုပ် စက်ရုံများက ဆန္ဒပြ အလုပ်သမားများ နောက်ထပ် သုံးရပ်အထိ အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြနေပါက အလုပ်ထုတ် မည်ဟု အလုပ်ရှင်များက စာထုတ်ကာ ခြိမ်းခြောက်ထားကြောင်း အလုပ်သမားများနှင့် အလုပ်သမား အရေးဆောင်ရွက်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာ ဥပဒေ ပြဌာန်းထားခြင်း မရှိသဖြင့် အလုပ်သမားသည် အလုပ်ရှင်များ၏ ကြည်ဖြူသလောက်ကို လုပ်အားခ ရရှိနေကြသဖြင့် ယင်းကဲ့သို့ ဆန္ဒပြ တောင်းဆိုမှု များ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက သုံးသပ်သည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွါးမှုတွင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို နှစ်ဦးနှစ်ဘက် သဘောတူလျှင် ယင်းဆုံးဖြတ်ချက်သည် ချမှတ်သည့် နေ့မှစ၍ အတည်ဖြစ်ကြောင်း၊ မည်သူမဆို ခုံသမာဓိ သို့မဟုတ် ညှိနှိုင်း ခုံကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်း သဘောတူညီချက် တစ်ခုခု အကျိုးသက်ရောက်မှုရှိစဉ် ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရကြောင်း မတ်လ ၂၈ရက်နေ့တွင် ထုတ်ပြန်ထားသော အလုပ်သမားရေးရာ အငြင်းပွါးမှု ဖြေရှင်းရေး ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များအတွင်း မေလ ၁ ရက်မှ မေလ ၁၆ရက်နေ့အထိ စက်ရုံ ၁၀ ရုံကျော်တွင် အလုပ်သမား ဆန္ဒပြမှုများ အကြိမ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရှိရသည်။
The Voice Weekly


အောက်မှာ ထောက်ခံချက်ပေးပါ။ ဖြောင့်ချက်တွေပေါ့။ မှတ်ချက်မပေးချင်လည်း vote ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

ကူညီပေးသင့်ပါတယ်။ တွေးကြည့်ပါ။ စာဖတ်ပရိသတ်တွေခင်ဗျား။
သူတရားမျှတစွာ ဖွင့်လှစ်ပေးသင့်ပါတယ်။
သူဖျက်ဆီးရမယ်၊ ပိတ်ပင်ရမယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger