PHYO Training Centre မှ နည်းပညာ အချက်အလက်များ ပြန့်ပွားရေးကို ဦးစားပေးဖော်ပြသော ၀က်ဘ်ဆိုက်တစ်ခုအဖြစ် www.phyotc.com အမည်ရှိ နည်းပညာနှင့် ပညာရေးဆိုင်ရာ ၀က်ဘ်ဆိုက်သစ်တစ်ခုကို လွှင့်တင်ထားကြောင်း သိရသည်။ အဆိုပါ ၀က်ဘ်ဆိုက်တွင် သင်တန်းအချက်အလက်များ၊ သင်တန်း၏ နောက်ဆုံးသတင်းမှတ်တမ်းများ၊ Tutorials များ၊ Design Services နှင့် ပတ်သက်သော အချက်အလက်များ၊ ဆက်သွယ်ရန် Form များဖြင့် စတင်လွှင့်တင်ထားသည့်အပြင် Forum ၀င်ရောက်သူများအတွက်လည်း Forum ကဏ္ဍ၊ Blog ရေးသားလိုသူများအတွက် Create Blog အစရှိသဖြင့်လည်း ဖွဲ့စည်းပေးထားကြောင်း သိရသည်။ ထပ်မံ၍ သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိလိုသူများအနေဖြင့် Contact us ကဏ္ဍတွင် Form ဖြည့်သွင်းကာ မေးမြန်းစုံစမ်းနိုင်ရုံသာမက၊ Register ပြုလုပ်ထားသူများအနေဖြင့်လည်း facebook page နည်းတူပင် ၁၀ ရာခိုင်နှုန်း သင်တန်းကြေး ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ Blog ဖန်တီးရေးသားလိုသူများအတွက် Wordpress blog ကို ၄င်းဝက်ဘ်ဆိုက်ရှိ Create blog ကဏ္ဍတွင် လိုအပ်သော အချက်အလက်များ ဖြည့်သွင်းပြီး သင်တန်းကျောင်းမှ ၄င်း၏ E-mail သို့ အချက်အလက်များ ပြန်လည်ပေးပို့ကာ ရေးသားနိုင်မည်ဖြစ်သည်။ 3D Design Services နှင့်ပတ်သက်သော အချက်အလက်များ အတွက်လည်း Design Services ကဏ္ဍတွင် ကြည့်ရှုနိုင်ပြီး Interior/Exterior Design ရေးဆွဲခြင်းကို ၀န်ဆောင်မှုပေးထားသည်။ အထူးအစီအစဉ်အနေဖြင့် သာသနိက အဆောက်အဦများကို ၅၀ ရာခိုင်နှုန်းလျှော့ကာ လက်ခံရေးဆွဲပေးသွားမည်ဖြစ်သည်။ ကွန်ပျူတာနှင့် ပတ်သက်သော နည်းပညာများ၊ ဖုန်းနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း Tutorials ကဏ္ဍတွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး အပတ်စဉ် နည်းပညာဆောင်းပါးများ၊ စာစဉ်များကိုလည်း ဆွေးနွေးရေးသား ဖတ်ရှုနိုင်ကြမည်ဖြစ်သည်။ အခြားသော လိုအပ်ချက်များအတွက် Download ကဏ္ဍကိုလည်း ထည့်သွင်းပေးထားပြီး Tutorials များအတွင်းမှ လိုအပ်သော ဖိုင်များကို ရယူနိုင်မည်ဖြစ်သည့်အပြင် Phone နှင့်ပတ်သက်သော Applications များ၊ Computer Software များ၊ Plugins များကိုပါ ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
နည်းပညာအချက်အလက်နှင့် ပညာရေးဆိုင်ရာ ၀က်ဘ်ဆိုက်လွှင့်တင်
Wednesday, May 30, 20120 မှတ်ချက်များ

Labels:
ပြည်တွင်းသတင်း,
အင်တာနက်သတင်း

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။