ကျောင်းအပ် လက်ခံခြင်း အတိတ်က ငွေကြေး ရယူမှုကို မစွန့်လွှတ်လျှင် အရေးယူမည်

Thursday, May 17, 20120 မှတ်ချက်များ

ကျောင်းသားသစ်များလက်ခံခြင်းအပါအဝင် မူလတန်းအဆင့်ကျောင်း အပ်နှံရာ၌ ငွေကြေးတောင်းခံပါက ထိရောက်သည့် အရေးယူမှု များပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ပြောသည်။

ဒုတိယဝန်ကြီးက ''ယူ ရင်၊ သူ့လမ်း၊ သူရွေးတာမျိုးဖြစ် သွားမှာပေါ့'' ဟုပြောသည်။ပညာရေးဝန်ကြီးဌာန အနေ ဖြင့် ၂ဝ၁၁-၁၂ ပညာ သင်နှစ်မှ စ၍ အခမဲ့မူလတန်း ပညာရေးစနစ်ကို စတင်ခဲ့ပြီး ကျောင်းများ အား ငွေကြေး ကောက်ခံခြင်းမပြုရန် အသိ ပေးခြင်းနှင့် သတိပေးခြင်းများ ကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုပညာသင်နှစ်မှစကာထိ ရောက် စွာဖြင့် ဆောင်ရွက် သွားမည်ဟု ဒုတိယဝန်ကြီးက ဆက်လက်ဆိုသည်။

''ကလေးပညာရဖို့ စာသင်ခွင့် ရဖို့အတွက် ငွေပေးနေရရင်ဘယ် ကောင်းပါ့ မလဲ။ ယူတဲ့သူလည်း မကောင်းသလိုပေးရတဲ့သူကလည်း နစ်နာ တယ်။ ကျောင်းလည်းသိက္ခာ ကျတယ်''ဟု ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ ပညာရှင် ဒေါက်တာထွန်း ခင်က ပြောသည်။သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေး မြင့်က ပြင်ပမှ ထုတ်ဝေသည့ှ်Student's Guide များ၊မှတ်စုတိုများ၊ လေ့ကျင့်ခန်း စာအုပ်များ ရောင်းချ ခြင်းနှင့် အခြားခေါင်းစဉ် ဖြင့် ငွေကြေးကောက်ခံခြင်းတို့အား ရှောင်ကြဉ်ကာ ပညာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ကျောင်းရန်ပုံငွေနှင့်ကျောင်း လခများ ကို သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံကြရန် မေ ၇ ရက်နေ့ က ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဖောင် ကြီး၌ ကျင်းပသော အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံ သင် တန်းအမှတ်စဉ် ၈ဝ ဖွင့်ပွဲ၌ ထည့် သွင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံမှ လက်ရှိ ကျင့် သုံးနေသော ပညာရေးစ နစ်အရ သူ ငယ်တန်းမှ စတုတ္တတန်းအထိ အခမဲ့သင်ယူနိုင်ပြီး ယခုနှစ် တွင် ကျောင်းသုံး စာအုပ် အပြည့်အစုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီရ မည် ဖြစ်သည်။ပဉ္စမတန်းမှ တက္ကသိုလ်ဝင် တန်းအထိ ကျောင်းအပ်ခနှင့် စာအုပ်ဖိုးမှာ အများဆုံး ကျပ် ၄၅ဝဝ သာ ပေးရမည်ဟု ပညာရေးဝန် ကြီးဌာနမှ သိရ သည်။
Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger