မြို့နယ်များမှာ လျှပ်စစ်မီး ပြတ်တောက်ပါက လမ်းမီးများနဲ့ လုံခြုံရေး မီးများပေးဖို့ အတွက် မြို့နယ် ၈ မြို့နယ်မှာ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့မှ မီးစက်များကို မေလ ဒုတိယ အပတ်မှ စတင်ကာ ထားရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို မီးစက်များကို အရေးကြီးတဲ့ လမ်းဆုံ လမ်းခွတွေ ဖြစ်တဲ့ လမ်းမတော် မြို့နယ် မော်တင်၊ ပန်းဘဲတန်း မြို့နယ် ဘဏ်ရုံးချုပ်ရှေ့၊ ဗိုလ်အောင်ကျော်လမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာ လမ်းထောင့်၊ သာကေတ အ၀ိုင်း၊ စော်ဘွားကြီးကုန်း CNG ဆိုင်နားနှင့် လှည်းတန်း ကမာရွတ် မြို့နယ် စည်ပင်ရုံးနား အစရှိတဲ့ နေရာများမှာ ထားရှိ ထားတယ်လို့ သိရပါတယ်။ မီးစက် ထားရှိ ထားတဲ့ နေရာများမှာ မီးစက် မောင်းမဲ့ သူများ ကိုလည်း ထားရှိထားပြီး အခြား မြို့နယ် များရှိ လမ်းများ မှာလည်း လိုအပ်မှုများ ရှိပါက မီးစက်များ ထပ်မံ ထားရှိ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။