မတ္တရာမြို့နယ်က သိမ်းဆည်းခံ လယ်မြေဧကတစ်ထောင်ကျော်အတွက် သမ္မတထံတိုင်ကြားမည်

Sunday, May 20, 20120 မှတ်ချက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စလေကျေးရွာတွင် ၁၉၉၂ခုနှစ်က တ.စ.က.(၂)မှ သိမ်းဆည်းထားသော လယ်ယာမြေဧက တစ်ထောင်ကျော်အား ပြန်လည်ရရှိရေးအတွက် ဒေသခံများက နိုင်ငံတော်သမ္မတထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ ပထမသမ္မတကြီးဆီကို စာပို့ပေးမယ်၊ အဲ့ဒါမှအကြောင်း မထူးရင်တော့အသိမ်းခံရတဲ့ တောင်သူနှစ်ယောက် လောက်ကို ရန်ကုန်ခေါ်ပြီး ILO ကလူတွေနဲ့ညှိနှိုင်းပြီး လုပ်စရာရှိတာဆက်လုပ်မယ်”ဟု FNI ( facilators network with ILO)မှ ကိုအေးသိန်းကပြောသည်။

စလေကျေးရွာရှိ ကွင်းအမှတ်(၁၆၇.၁၆၈.၁၆၉) အတွင်းရှိ လယ်သမား(၂၅၇) ဦးက ဓါးမဦးကျလုပ်ကိုင်နေသော
လယ်မြေဧက(၁၃၆၂)ကျော်အား ၁၉၉၂ တွင် တပ်မတော်စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း(တ.စ.က.၂)မှ သိမ်းယူခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကတော့ အဲ့ဒီနေရာတွေမှာ လယ်ပြန်စိုက်တယ်ဗျ၊ အခုတော့ အဲ့ဒီလယ်နေရာတွေမှာ ငါးတွေ မွေးနေတယ်” ဟု လယ်အသိမ်းခံရသူတစ်ဦးဖြစ်သူ မောင်လှသန်း ကပြောသည်။

အဆိုပါ တောင်သူများမှာ ၁၉၉၂၊ ၁၉၉၉ နှင့် ၂၀၀၀ ခုနှစ်များတွင် လက်လှမ်းမီရာ နိုင်ငံတော်အကြီးအကဲများ ထံတိုင်ကြား ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့သောကြောင့် ယခုတစ်ကြိမ်ထပ်မံတိုင်ကြားခြင်းဖြစ်သည်။

ထိုလယ်မြေများကို ၁၉၉၂ ခုနှစ်တွင် တ.စ.က(၂)မှသိမ်းဆည်းခဲ့ပြီး ထိုတပ် ပြောင်းသွားသောအခါ၊ သားရေ ပစ္စည်းများထုတ်လုပ်သည့် စစ်တပ်မှ ရောက်ရှိလာပြီး တောင်သူများအား ဆက်လက်သီးစားချထားကာ၊ ၂၀၀၅ ခုနှစ်တွင် လေကြောင်းရန်ကာကွယ်ရေးတပ် ထပ်မံရောက်ရှိလာပြီး ၂၀၁၁ ခုနှစ်တွင် ဗိုလ်မှူးမျိုးလှိုင်ဦးမှ မိုးစပါးကောက်ကြီး တစ်ဧကလျှင် (၈)တင်းနှုန်း ပေးသွင်းရန် တောင်းခံခဲ့ကြောင်းသိရသည်။

ထိုလယ်ယာမြေများပေါ်တွင် သီးစားချကာ လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများအား ဆည်တော်ကြီး ရဲစခန်းမှ အမြန်ဆုံးရပ်ဆိုင်းခိုင်းထားကြောင်း သိရှိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 19 May, 2012
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger