မန်း စည်ပင် အတွင်းရေးမှူး ၏ သား အိမ်အတွင်း ၀င်ရောက် မိန်းကလေး အား ထိုး / ရိုက် ခြင်း

Monday, May 14, 20120 မှတ်ချက်များ

ထိုးကျိတ်ရိုက်နှက်ခံရသူ မထွယ်အောင်
မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးစန်းမောင် ၏
သားဖြစ်သူ ချိုသဲမောင် သည် ၃၁-၃-၂၀၁၂ နေ့ က နေ့ လည် ၁၁း၃၀ နာရီအချိန်
တွင် ၆၆ x ၆၇ ကြား၊ ၃၈ x ၃၉ ကြား မဟာမြိုင် အပိုင်း(၁)၊ အကွက်(၅) မန္တလေးမြို့ 
မဟာအောင်မြေမြို့ နယ်တွင် နေထိုင်သော ကျွန်မ မထွယ်အောင် နေအိမ် အတွင်းရှိ
နေစဉ် ကားနံပါတ် ၃၈/၉၉၄၆ စူပါ စလွန်းအဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး
မည်သည့် အကြောင်းမှပြောဆိုခြင်းမရှိပဲ ကျွန်မ၏ အင်္ကျီရင်ဘတ်အား ဆောင့်ဆွဲပြီး
ထိုးကျိတ်ကန်ရိုက်နှက်ကာ ငါ့ကို ဘာကောင်မှတ်နေသလဲ ဘယ်ရုံးကိုတိုင်တိုင်
စောက်ဂရုမစိုက်ဘူး တိုင်ချင်ရတိုင် နင့်ကိုငါသတ်ပစ်မယ်၊ ထိုးသတ်မည်ဟု ခြိမ်းခြောက်
ကြိမ်းမောင်းပြောဆိုကာ ထွက်သွားပြီး ကားနားအရောက်တွင် သတ္တိရှိတဲ့ကောင်လာခဲ့
ဟုပြောဆိုကာ ကားမောင်းပြီးထွက်သွားပါသည်။

ကျွန်မ မထွယ်အောင်မှ ၂.၄.၂၀၁၂ နေ့ တွင် မန္တလေးမြို့  အမှတ်(၉)ရဲ စခန်းသို့ သွား
ရောက်အမှု့ ဖွင့်တိုင်းကြားခဲ့သော်လည်း ၅.၅.၂၀၁၂ နေ့ အထိ မည်သို့ မှ အကြောင်း
ပြန်ကြားခြင်းမရှိသဖြင့် ရဲ စခန်းသို့ သွားရောက်စုံစမ်းမေးမြန်းရာ တရားခံအား
အဖမ်းပြပြီး အာမခံပေးလိုက်သည်ဟု သိရပါသည်။

ဤအမှု့ နှင့် ပါတ်သတ်၍ ကျွန်တော်တို့ အား အထက်မှဖိအားပေးနေသဖြင့် အမှု့ မှန်
ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရာတွင် အနှောက်အယှက်အဟန့် အတားဖြစ်နေ
ပါသည်ဟုလည်း ကျွန်မတို့ အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့ ကြောင့်မြို့ တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်အတွင်းရေးမှူးဦးစန်းမောင်
၏ သားဖြစ်သူသည် ဖခင်အာဏာကို အလွှဲသုံးစားပြုလျှက် မြို့ တော်နေ ပြည်သူမိန်း
ခလေးတစ်ဦးအား နေအိမ်အတွင်းသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်ကာ ကာအိန္ဒြာပျက်ပျား
စေခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကျိတ်ရိုက်နှက်ကာ
ခြိမ်းခြောက်ကြိမ်းမောင်းသွားသည်ကို ထိရောက်မှန်ကန်စွာအရေးယူပေးပါရန်
နှင့် အများပြည်သူသိရှိနိုင်အောင်တင်ပြလိုက်ပါသည်။

မထွယ်အောင်

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger