ဟင်္သာတမှာ သစ်ကားတစ်စီးတိမ်းမှောက်ပြီး တဦးသေဆုံး တဦးဒဏ်ရာရ

Friday, May 18, 20120 မှတ်ချက်များ

တိမ်းမှောက်သွားတဲ့ သစ်ကား
ဟင်္သာတမြို့၊ လယ်တီကွင်းရပ်၊ အင်္ဂပိုလမ်း မြို့ပတ်လမ်းခွဲ အနီးတွင် (၁၅-၅-၂၀၁၂)
နေ့ ည ၈ နာရီ ခွဲခန့်တွင် ကားနံပါတ် ဒ/၄၅၅ (တီအီး) ကားတစ်စီး ဘော်ဒီခါးစည်း
ပြတ်တောက်ပြီး တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်မောင်းသူ သေဆုံးပြီး တစ်ဦး
ဒါဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါကားတွင် တင်ဆောင်လာသည့် မျောတိုင် များအကြားအောက်ဘက်တွင်
ကျွန်းသစ်(ကပ်တုံးများ) ပါဝင်သည်ဟု ကားတိမ်းမှောက်စဉ် သွားရောက်ကြည့်
ရှုခဲ့သည့်သူများထံမှ သိရှိခဲ့ရပါတယ်။

ယာဉ်တိမ်းမှောက်မှု မဖြစ်ခင်အချိန်တွင် ကိုခင်မောင်မြင့်(ရဲသတင်းပေး)ဟု ဆိုသူမှ
လည်းအဆိုပါ ကားနောက်သို့ ဆိုင်ကယ်ဖြင့်လိုက်ခဲ့ကြောင်း မျက်မြင်များမှ ပြောဆို
ပါတယ်။

သစ်ကားတွေမြို့ ထဲဝင်ချင်ရင် ကိုခင်မောင်မြင့်(ရဲသတင်းပေး)ကိုငွေ(၅၀၀၀၀)သောင်း
ပေးပြီးမှဝင်ရတယ်။ လိုက်လာတာသိလို့ ကြောက်ကြောက်နဲ့ မောင်းရင်းမှောက်တာပါ
ဟု မျက်မြင်သက်သေများက ပြောပါတယ်။

ဟင်္သာတမြို့တွင် ထိုကဲ့သတင်းပေးဆိုသူများမှာ ရဲ၊ SB နှင့် ခရိုင် ဒန အဖွဲ့များမှ
လူတစ်ချို့နှင့် ချိတ်ဆက်ပြီး တရားမ၀င်လုပ်ငန်းလုပ်သူများအား ငွေညှစ်မှုများ
ယခင်ကလည်းလုပ်ခဲ့ဘူးပါတယ်။ ယခု မျောတိုင်သစ်များမှာ ဧရာဝတီမြစ်ကမ်း
ကမ်းဆယ် (စပါး) ရိုက်လုပ်ငန်းအတွက် သယ်ယူလာရင်း ကားမှောက်မှု
ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

Myanmar News Now
သေဆုံးဒါဏ်ရာရသူများနှင့် သစ်ကားတိမ်းမှောက်ပုံ မြင်ကွင်း ဓါတ်ပုံများ
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger