အောင်ပန်းမြို့တွင် မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ (ဦးဥာဏတပည့်ရင်း) အား လူဝတ်လဲ

Thursday, May 17, 20120 မှတ်ချက်များ

မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲပြီးတွေ့ ရစဉ်

မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲနေစဉ်
(၁၆-၅-၂၀၁၂)ရက် ည(၈း၀၀)နာရီအချိန် ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင်
(၁၃-၅-၂၀၁၂)ရက်နေ့ကတည်းက ရောက်ရှိနေသော မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ(၁၂/မဂဒ(သ)၀၀၀၉၅၆)
ရွှေဥမင်ဓမ္မသုခကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား
မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များက အောင်ပန်းမြို့ မြို့မပြင်သာ
ကျောင်းတိုက်သို့ခေါ်ဆောင်ပြီး ...နိုင်ငံတောသံဃမဟာနာယကအဖွဲ့၏
ညွှန်ကြားလွှာအမှတ်(၉၅)(၀ိ-မှုခင်းလုပ်ထုံး) နှင့်အညီ...လုပ်ကိုင်ဆောင်ရွက်
ခဲ့ပါသည်။

မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်တို့မှလည်း....ပြည်နယ်သံဃနာယက
အဖွဲ့ဆရာတော်၏ ညွှန်ကြားချက်အရလည်းကောင်း၊ ပြည်နယ်သာသနာရေး
ဦးစီးဌာန၏လျှောက်ထားချက်အရလည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီး
ဌာနနှင့် ပူးပေါင်းကာ အောင်ပန်းမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး
ဦးဆောင်ကာလည်းကောင်း၊ အဆိုပါ အဓ္ဓမ၀ါဒီမိုးပြာဂိုဏ်းခေါင်းဆောင်
ဦးဥတ္တမ အား လူဝတ်လဲပေးလိုက်ကြောင်း သိရပါသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဗဟိုဌာနချုပ်မှ ညွှန်ကြားလွှာအမှတ်(၉၅)
အရ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)က မိုးပြာဝါဒသည်
အဓ္ဓမ၀ါဒ ဟုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

မိုးပြာဝါဒခေါင်းဆောင် ဦးဥာဏ သည် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့်
လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း အပြစ်ဒဏ်ကျခံနေ
ရပြီးဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ၄င်း ဦးဥာဏ၏ တပည့်ရင်းဖြစ်သူ ဦးဥတ္တမ ကိုလည်း
လူဝတ်လဲပြီးနောက် သံဃအဖွဲ့ အစည်းဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊
ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ-၂၉၅(က) အရ ဘာသာသာသနာကို စော်ကားစေမှုအဖြစ် အရေးယူ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Myanmar News Now
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger