ပြည်တွင်းရှိ ရွှေသတ္တုကုမ္ပဏီ(၃၁၀)အား သတ်မှတ်ရက်အတွင်း ပေးသွင်းရန် သတိပေး

Thursday, May 24, 20120 မှတ်ချက်များ

ပေးသွင်းရန်ကျန်ရှိနေ ရွှေသတ္တုများကို ကုမ္ပဏီများအနေဖြင့် သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်း(Black List)အဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ အသိပေးထုတ်ပြန်ထားသည်။

“သတ်မှတ်ရက်အတွင်း လာမသွင်းနိုင်တဲ့ ကုမ္ပဏီတွေကို သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်တွေထဲမှာ ပါတဲ့အတိုင်း အရေးယူဆောင်ရွက်သွားမှာပါ။ ပြီတော့ လူရော ကုမ္ပဏီရောကို နာမည်ပျက်စာရင်းသွင်းမှာပါ”ဟု (၂)သတ္တုတွင်း လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရွှေသတ္တုကုမ္ပဏီများအား (၂၄.၅.၂၀၁၂)မှ (၃၀.၅.၂၀၁၂)ထိ အပြီး ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ပေးသွင်း ခြင်းမရှိပါက တည်ဆဲဥပဒေများ၊ လုပ်ငန်းစာချုပ်တွင်ပါရှိသည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း အရေးယူဆောင် ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်း(Black List) အဖြစ်ကြေငြာသွားမည်ဟု နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြထားသည်။

“အကိုတို့ကုမ္ပဏီက သတ်မှတ်ထားတဲ့အတိုင်း ပေးသွင်းပါတယ်။ ပျက်ကွက်တာမျိုးမရှိပါဘူး”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ တင်မြင့်အောင်(ရွှေသတ္တုတူးဖော်ရေးလုပ်ငန်း)မှ ဥက္ကဌဖြစ်သူ ဦးတင်မြင့်ကပြောသည်။

ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများမှာ ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာရေးနှစ်များအတွက် နိုင်ငံတော်သို့ပေးသွင်းရမည့် (၁၄)ပဲ ရည်နှင့်အထက် ရွှေသတ္တုများအား သတ်မှတ်ထားသည်ထက်လျော့နည်း၍ပေးသွင်းခြင်း၊ လုံးဝပေးသွင်းခြင်း မရှိကြောင်း ထို့ပြင် ၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်တွင်လည်း နိုင်ငံတော်သို့ပေးသွင်းရမည့် (၁၆)ပဲရည် ရွှေစင် သတ္တုများကို ပေးသွင်းရန်ကျန်ရှိနေသေးကြောင်းကိုလည်း သိရှိရသည်။

ရွှေသတ္တုပေးသွင်းရန်ကျန်ရှိနေသော ကုမ္ပဏီအရေအတွက်မှာ ကချင်ပြည်နယ်တွင်(၁၀၄)ခု၊ ကရင်ပြည်နယ်တွင်(၉)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်(၁၁၅)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၂)ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၇)ခု၊ မန္တလေးတိုင်း ဒေသကြီး(စဥ့်ကူးမြို့နယ်)တွင်(၁၅)ခု၊ (ရမည်းသင်းမြို့နယ်)တွင်(၂၀)ခု၊ (သပိတ်ကျင်မြို့နယ်)တွင်(၁၄)ခု၊ (သာစည်မြို့ နယ်)တွင်(၁)ခု၊ မွန်ပြည်နယ်တွင်(၄)ခုနှင့် ရှမ်းပြည်နယ်တွင်(၉)ခု စုစုပေါင်းပေးသွင်းရန် ကျန်ရှိသောကုမ္ပဏီ(၃၁၀)ခန့် ရှိကြောင်း နိုင်ငံပိုင်သတင်းစာများ၏ဖော်ပြချက်အရသိရသည်။

ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger