ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ကမ္ဘာ့စီးပွားရေးညီလာခံတတ်ရောက်မည်

Thursday, May 24, 20120 မှတ်ချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မေလ(၂၈) ရက်နေ့တွင် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း ပါတီအသိုင်းအ၀ိုင်းထံက သိရသည်။

“ဒီကနေ (၂၈)ရက်နေ့ထွက်မှာပါ။ ဘန်ကောက်မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးညီလာခံကို သွားတက်မှာ။ ဒီကို ပြန်လာပြီးတော့မှ ဇွန်လမှာ နော်ဝေကို သွားမှာပါ ” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၏ (၆၇)နှစ်မြောက် မွေးနေ့ပွဲအား ဗြိတိန်တွင် ကျင်းပမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

“ဇွန်လ(၁၂) ရက်နေ့မှာ သွားဖြစ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၃၊ ၄ ယောက်လောက်တော့ပါမယ်။ လက်မှတ်တွေ ဘာတွေကတော့ သေချာ အတည်မပြုရသေးပါဘူး။ အရင်ဆုံး နော်ဝေ ပြီးရင် ဗြိတိန်မှာ (၆၇) နှစ်ပြည့်မွေးနေ့ ကျင်းပဖြစ်မယ် ခရီးစဉ်က(၂) ပတ်လောက်တော့ ကြာမယ်” ဟု NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ပြောသည်။

လာမည့် ပထမအကြိမ် စတုထ္တပုံမှန်အစည်းအဝေးသည် ဇူလိုင်လတွင်းကျင်းပမည်ဟု သတ်မှတ်ထားသော ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကလွတ်တော်တက်ချိန်ဆိုရင် ပြည်တွင်း၌သာရှိနေမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ(၁၂) ရက်နေ့တွင် နော်ဝေ၊ ဗြိတိန် သို့သွားရောက်မည်ဖြစ်ကြောင်းနှင့် ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ဂျပန်သို့ သွားရောက်မည် ဖြစ်ကြောင်း ပါတီအသိုင်းဝိုင်းများထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၏ ပြည်ပခရီးစဉ်တွင် ဗြိတိန်ရှိ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ပါလီမန်များတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောကြားခွင့်ကို ရှားရှားပါးပါး ကမ္ဘာ့ခေါင်းဆောင်အချို့သာ ရရှိကြောင်းကိုလည်း လူမှုရေးစာမျက်နှာများကတဆင့် သိရှိရသည်။

ယမင်း(မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger