အမျိုးသမီး ကုန်စည်ပြပွဲ ပထမဆုံး အကြိမ် ပြသ

Sunday, May 20, 20120 မှတ်ချက်များ

ပထမဦးဆုံး အကြိမ် ပြသခဲ့တဲ့ အမျိုးသမီး ကုန်စည် ပြပွဲကို ဦးဝိစာရ လမ်းပေါ်မှာရှိတဲ့ တပ်မတော် ခန်းမမှာ မေလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့ အထိ ပြသ

ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြသရခြင်းဟာ ဆိုရင် အမျိုးသမီးသုံး ကုန်ပစ္စည်းများကို တစ်နေရာတည်းမှာ စုံစုံလင်လင် ၀ယ်ယူရနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ပြသခြင်း ဖြစ်ပါတယ်။ အဆိုပါ ကုန်စည် ပြပွဲမျာတော့ အမျိုးသမီး ကုန်ပစ္စည်း တွေဖြစ်တဲ့ အလှကုန် ပစ္စည်း၊ အ၀တ်အထည်၊ ပိုးထည်၊ ပရိဘောဂ၊ စားသောက်ကုန် ပစ္စည်းဆိုင်များနဲ့ သန့်ရှင်းရေးသုံး ပစ္စည်းဆိုင်များက ဖွင့်လှစ် ပြသထားပါတယ်။

ဒါတင်မကသေးဘဲ မီးဖိုချောင်သုံး ပစ္စည်းနဲ့ လျှပ်စစ် ပစ္စည်းဆိုင် များလည်း ပါဝင်ပြသ ထားပါတယ်။ ဒါ့အပြင် အမျိုးသမီးများ အသက်အရွယ် ကြီးလာရင် ဖြစ်တတ်တဲ့ အကြောတက်၊ ကျီးပေါင်း ရောဂါများ အတွက် ဆေးခေါင်းအုံး ပစ္စည်း အရောင်းဆိုင် ကိုလည်း ပါဝင်ပြသ ထားတာကို တွေ့ရပါတယ်။ အဆိုပါ အမျိုးသမီး ကုန်စည်ပြပွဲကို Smart Businees Group က ကြီးမှူးပြသပြီး ဆိုင်ခန်းပေါင်း ၁၃၀ ကျော်က ပါဝင်ပြသ ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger