မုတ်သုံလေ စတင် ဝင်ရောက်မည်

Thursday, May 17, 20120 မှတ်ချက်များ

ရန်ကုန်၊ မေ ၁၆

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ မေလ ၁၉ ရက်နေ့ ထက် နောက်မကျဘဲ ဝင်ရောက်လာဖွယ် ရှိကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြောက်ပိုင်းဒေသများ သို့လည်း မေလ စတုတ္ထပတ်တွင် မုတ်သုံလေ ဆက်လက် ဝင်ရောက်မည်ဟု ၎င်းက ဆိုသည်။

မုတ်သုံလေ ဝင်ရောက်မည့် မိုးဦး ကာလအတွင်း မေလ နှောင်းပိုင်းမှ ဇွန်လကုန်အထိ ပင်လယ်အော်တွင် မုန်တိုင်း နှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက် ပိုမို ရွာသွန်းနိုင်ပြီး ပဲခူး၊ မကွေး၊ ရခိုင်၊ ကယား ၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် ရွာသွန်းကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ရွာသွန်းမြဲ အောက်သာ ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger