ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီေ

Friday, May 4, 20120 မှတ်ချက်များ

ယနေ့ မေလ(၃)ရက်နေ့  နေပြည်တော်မှာ ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ်
ပြည်သူတွေရဲ့ လုံခြုံမှုကို အစဉ်တစိုက် စောင့်ရှောက်နေသည်ဆိုပြီး "ကူညီပါရစေ" ဟု ဆိုင်းဘုတ်တပ်ထားသောမြန်မာနိုင်
ငံရဲတပ်ဖွဲ ၏ ကာကွယ်စောင့်ရှောက်မှုကြောင့် ကျွန်တော်နေထိုင်သော ၀န်ထမ်းအိမ်ရာတွင် သူခိုးခိုးခံရ၍ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အပါ
ဝင် မှတ်ပုံတင်နှင့် ငွေကြေးများ ပျောက်ဆုံခဲ့သည်မှာ ပြီးခဲ့သည့် ၁၀လပိုင်းကတည်းကဖြစ်ပါသည်။

ကျွန်တော် နေထိုင်ရာနယ်မြေ တာဝန်ခံ သုခသိဒ္ဓိရပ်ကွက် ရဲစခန်းတွင်တိုင်ကြားထားသော်လည်း ယနေ့ အထိ အမှုအားဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။ ပျောက်ဆုံးသွားသောမှတ်ပုံတင်အား ပြန်လုပ်၍ ရပြီးသော်လည်း ပုပ္ပသီရိမြို့ နယ် ကညနရုံးတွင် ကျွန်တော်၏ ယာဉ်မောင်းလိုင်စင် အပျောက်အား သွားရောက်လျှောက်ထားရာတွင် လိုင်စင်မှာ သက်တမ်းတိုးပြီးသည်မှာ မကြာသေး၍ သက်တမ်းတိုးသည့်မှတ်တမ်းမှာ ကွန်ပျူတာထဲသို့ ၀င်မလာသေးသောကြောင့် လိုင်စင် နံပါတ်မှာ ရှာကြည့်၍ မရသေးသောကြောင့် ၁၂ လပိုင်းတွင် ပြန်လာ၍ စုံစမ်းနိုင်ပါကြောင်း နှစ်လ ရက်ချိန်းပေးခဲ့သည်။ ဒုတိယအကြိမ် ၁၂ လပိုင်းတွင် သွားရောက် စုံစမ်းပြန်သော်လည်း ယနေ့အချိန်ထိ ကွန်ပျူတာထဲသို့ ရောက်မလာသေးပါဟု ပြောကြားခဲ့ပါသည်။

သို့ ဖြစ်ပါ၍ ကျွန်တော်၏ ယာဉ်မောင်းလိုင်စင်မှာ ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးပဲ ပျောက်ဆုံးကြောင်းရဲစခန်းမှ ထောက်ခံချက်ဖြင့်သာ သွားရောက်နေရပါသည်။ ယနေ့တွင်မူ မော်တော်ပီကယ်များမှ ယင်းထောက်ခံချက်ဖြင့် သွားလာ၍ မရကြောင်း ထောက်ခံချက်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ကျွန်တော်သည် ကညန ရုံးသို့ လိုင်စင်သွားရောက် လျှောက်ထားခြင်း မပြုလုပ်ဟုသာ ယူဆကြောင်း ပြောကြားကာ ပြေစာဖြတ်ပိုင်းပေးပြီး ဆိုင်ကယ်ဝှီးတက်ကို သိမ်းထားလိုက်ပါသည်။

ကျွန်တော်တို့ ၀န်ထမ်းများမှာ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ကယ်ဖြင့် မဖြစ်မနေ သွားလာရသော အချိန်များ ရှိပါသည်။ ရဲစခန်းမှ ထောက်ခံချက်ကို ပြည်ထဲရေးဝန်ကြီးဌာန အခြင်းခြင်း အသိအမှတ်မပြုခြင်း၊ ကညနရုံး၏ နှောင့်နှေးကြန့်ကြာနေသော ရုံးလုပ်ငန်း လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးစေ လိုပါသည်။

နေပြည်တော်မှ ၀န်ထမ်းတဦး
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger