လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ

Tuesday, May 22, 20120 မှတ်ချက်များ

နံနက် ၁၀နာရီခွဲ၊ မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန် နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။

၎င်းက “မနက်စောစောပိုင်းက လာခေါ်သွားတာ၊ မနေ့ညက ခင်ဗျားတို့ လုပ်ခဲ့တဲ့ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးချင်တာတွေရှိလို့ပါ ခဏလေးပါ” ဟု ရဲသတင်းတပ်ဖွဲ့ (SB) မှ ပြောဆိုသွားကြောင်း ပြောသည်။
ယခုလို ခေါ်ယူရာတွင် ကောင်းကောင်းမွန်မွန် ပင်ပြောဆိုခဲ့သည်ဟု လည်းဖြည့်စွက်ပြောဆိုသည်။

ခေါ်ယူခံရသူများထဲတွင် စာရေးဆရာ ညီပုလေး (လူထုဒေါ်အမာ၏ သား) နှင့် အခြားမန္တလေး အန်အယ်လ်ဒီအဖွဲ့ဝင်အချို့ နှင့် မေလ ၂၀ ရက်နေ့ည အရေးပေါ် သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ ဆန္ဒထုတ်ဖေါ်သူအချို့တို့ ပါဝင်သည်ဟု သိရှိရသည်။ ။
YPI
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger