သုံးပွင့်ဆိုင် စာချုပ်ကို တရားမဝင်ဟု ဆို၍ ဆံပင်တု စက်ရုံအလုပ်သမားများ ထပ်မံအရေးဆို

Wednesday, May 23, 20120 မှတ်ချက်များ

High-Art စက်ရုံမှ အလုပ်သမားခေါင်းဆောင် မမြနှင်းရီမှထပ်မံဆန္ဒပြရခြင်းအား စာနယ်ဇင်း သမားများကို ရှင်းလင်းနေပုံ
ရန်ကုန်၊ မေ ၂၁
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ ရန်ကုန်၊ မေ ၂၂
High-Art (Hi Mo) ဆံပင်တုစက်ရုံတွင် အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်သဘောတူ ထားသော စာချုပ်ကို အလုပ်ရှင်မှ တရားမဝင် ဟုဆို၍ အလုပ်သမားများထပ်မံ ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

”သဘောတူစာချုပ်ကို တရား ဝင်ဖြစ်ဖို့အတွက် စက်ရုံနံရံတွေမှာ ကပ်ဖို့မေးတော့ ဒီစာချုပ်ကတရား ဝင်မဟုတ်ဘူး၊ ပြန်ချုပ်ရမယ်လို့ စက်ရုံပိုင်ရှင်ကပြောတာနဲ့ထပ်ပြီး ဆန္ဒပြခဲ့တာ”ဟုHigh-Art စက်ရုံ အလုပ်သမားခေါင်းဆောင် မမြနှင်း ရီကမေ ၂၁ ရက်နေ့တွင်ပြောသည်။အဆိုပါစက်ရုံမှ အလုပ်သမား များသည် မေ ၈ရက်နေ့နှင့် ၉ရက် နေ့များတွင်စတင်၍ အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ ဆန္ဒ ဖော်ထုတ်တောင်းဆိုမှုများ ပြုလုပ် ခဲ့ကြသည်။

မေ ၁ဝ ရက်နေ့တွင် စက်ရုံမှတာဝန် ရှိသူ ဒေါ်နန်းသောင်း ရင်၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် အလုပ်သမားကိုယ်စားလှယ်များမှ အခြေခံလစာ ကျပ်သုံးသောင်းတိုး မြှင့်ေ ပးရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ယင်းသဘောတူစာချုပ်အား တရားဝင်ဖြစ်စေရေးအတွက်အလုပ် သမားများမှ နံရံတွင်ကပ်ရန် စီစဉ် ရာတွင် မေ ၁၇ ရက်နေ့၌ အလုပ် ရှင်ဘက်မှ ၄င်းစာချုပ်မှာ တရားဝင် မဟုတ်ကြောင်းနှင့် ပြန်လည်ချုပ်ဆို ရမည်ဟု ပြောဆိုခြင်းကြောင့် ထပ်မံ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၎င်း ထံမှသိရသည်။


အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ”အလုပ်ရှင်ကထွက်ပြေးသွားတာ သူ့ကိုစာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲ ထားတယ်၊ သူတို့ကကိုရီးယားစက် ရုံဆိုတော့ ကိုရီးယားနောက်တစ် ယောက်ထပ်ရောက်လာရင်တော့ညှိ ပေးမှာပါ” ဟု မေ ၂၂ ရက်နေ့၌ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ပြောကြား ခဲ့သည်။အလုပ်ရှင်ဘက်မှ စာချုပ် အသစ်ကို အခြေခံလစာကျပ်တစ် သောင်းခွဲဖြင့်ချုပ်ဆိုရန်တိုက်တွန်း သော်လည်း အလုပ်သမား ကိုယ်စား လှယ်များက သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းမရှိကြောင်း၊ လက်ရှိ တွင်စက်ရုံထဲ၌ပင် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေကြကြောင်းသိရသည်။

အဆိုပါ စာ ချုပ်ဖောက်ဖျက်မှု နှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှလည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ထပ်မံဆောင်ရွက်ပေးမည်ကို စောင့် ကြည့်လျက်ရှိကြောင်း ကျောင်းသားဟောင်းကိုချစ်ကိုကိုက ပြောသည်။

ဝေယံမိုးမြင့်၊ မေဇင်ဝင်း - Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger