လျှပ်စစ်ဓာတ် လျှော့သုံးဖို့ ဂျပန်အစိုးရ ပန်ကြား

Sunday, May 20, 20120 မှတ်ချက်များ

ဂျပန်နိုင်ငံမှာ လျှပ်စစ် ဓာတ်အား ပြတ်လပ်မှုတွေ ဖြစ်ပွားနေတာကြောင့် စီးပွားရေး လုပ်ငန်းတွေနဲ့ အများပြည်သူတွေ အနေနဲ့ ဓာတ်အားကို ၁၅ ရာခိုင်နှုန်း အထိ လျှော့ သုံးဖို့ ဂျပန်အစိုးရက တိုက်တွန်း လိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံက နျူလီးယား လောင်စာ ချောင်းတွေ အရည်ပျော်ကျခဲ့တာကြောင့် ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်ပေါင်းဖို ၅၀ အကုန်လုံးကို လုပ်ငန်းတွေရပ်စဲ ထားခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို နိုင်ငံမှာ ဓာတ်အား ပြတ်လပ်မှုတွေ မဖြစ်ရအောင် အတွက် စွမ်းအင်တွေကို ချွေတာသုံးဖို့ အစိုးရက ပန်ကြားထားတာ ဖြစ်ပါတယ်။ဇူလိုင်လ ကနေ စလို့ စက်တင်ဘာလအထိ စတင်ချွေတာ သုံးဖို့ကို ပန်ကြားလိုက်တာလည်း ဖြစ်ပါတယ်။လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုကြောင့် စီးပွားရေးပိုင်း ထိခိုက်မှုဖြစ်မှာကို စိုးရိမ်မှုတွေ ရှိနေ တယ်လို့ တိုကျိုမှာ ရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဓာတ်အား မပြတ်ရအောင် စွမ်းအင်ကို ချွေတာ သုံးဖို့ အစိုးရက ပန်ကြား

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger