လူ့ အသွေးအသားများဖြင့် လုပ်ထားသည့် ဆေးလုံးများ တရုတ် စစ်ဆေးမည်

Wednesday, May 9, 20120 မှတ်ချက်များ

လူသားတို့၏ အသွေးအသားများမှ ပြုလုပ်ထားသည် ဆိုသော ဆေးလုံးများ ထုတ်လုပ်သည့် မူရင်း နိုင်ငံမှာ တရုတ် နိုင်ငံမှ ဖြစ်ကြောင်း ပြောကြားလိုက်သည့်

တောင်ကိုရီးယားတို့၏ အပြောနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံမှာ စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်ဟု ပြောကြားလိုက်ကာ ယင်းသို့သော သက်သေ သာဓကများကို မတွေ့ရသေးကြောင်းလည်း တရုတ် အစိုးရပိုင် သတင်းမှ ဗုဒ္ဒဟူး နေ့က ပြောကြားသည်။

ယခုလို သတင်းကို လွန်ခဲ့သည့် တနင်္ဂနွေ နေ့က ကိုရီးယားရှိ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ မှ တွေ့ရှိခဲ့သည့် တရုတ်မှ လာသည့် ဆေးလုံးပေါင်း ၇၄၅၁ တွင် သေဆုံးသွားပြီ ဖြစ်သည့် ကလေးငယ်များ၏ အသွေးအသားများကို အမှုန့်အဖြစ် ပြုလုပ်ပြီး ရောဂါ ကုသရန်နှင့် ကာမ အားတိုးဆေး အဖြစ် သုံးစွဲရန် အသုံးပြုသည်ဆိုသော အပြောကို တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်။ တရုတ် ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အပြောအရ ယခင်က စုံစမ်းမှုများ အရ ဆေးလုံးများ အတွင်း လူ့ အသွေးအသားများ သုံးကာ တရုတ်နိုင်ငံ အတွင်း ထုတ်လုပ်သည်ကို သက်သေ အထောက်အထား တွေ့ရှိခဲ့ခြင်း မရှိကြောင်း Shanghai Daily သတင်းတွင် ဖော်ပြသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ယင်းသတင်းကို စစ်ဆေးနေပြီ ဖြစ်ကြောင်း ၊ ယခုအချိန်အထိ သက်သေ အထောက်အထားများ မတွေ့ရသေးကြောင်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဥပဒေ အရ သေဆုံး သွားသူများ၏ အကြွင်းအကျန်များကို ဆေးလုပ်ငန်းများ အနေဖြင့် ဝယ်ယူ ရောင်းချခြင်း မပြုရဟု သတ်မှတ်ထားကာ ဆေးရုံများ အနေဖြင့်လည်း သေဆုံးသူ ကလေးငယ်များ၏ ရုပ်အလောင်းများကို ဆေးရုံ အကြွင်းအကျန် အဖြစ် စွန့်ပစ်ခွင့် မရှိဘဲ အခြားသော သေဆုံးသူများကဲ့သိုပင် မီးသဂြိုဟ်ပစ်ရမည် ဖြစ်ကြောင်း Shanghai Daily သတင်းတွင် ဖော်ပြခဲ့သည်။

source : channelnewsasia.com

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger