ဇေကမ္ဘာနဲ့ ရွှေနံ့သာ

Monday, May 7, 20120 မှတ်ချက်များ

ဇေကမ္ဘာနဲ့ ရွှေနံ့သာ - မီဒီယာသမားတွေလည်း ယနေ့လာသွားကြောင်း ဤဓာတ်ပုံနဲ့ ပြဆိုပါတယ်။ လယ်သမားတွေက ရဲနဲ့ လာပြီး ဇေကမ္ဘာကပြောတာကို ထောက်ပြီး ဦးနေမျိုးဝေကို သွားအကြောင်းကြားပါတယ်။
ရဲစခန်းကို ၀င်မေးကြည့်တဲ့အခါမှာတော့ ရဲက တားပိုင်ခွင့် မရှိပါဘူး လို့ ပြောပါတယ်။ ပဋိပက္ခမဖြစ်ရေးလောက်ပဲ ၀င်ထိန်းပေးနိုင်ပါတယ်လို့ ၀င်ရောက်တွေ့ဆုံခဲ့သူ ဦးနေမျိုးဝေ ကပြန်ပြောပါတယ်။
လယ်သမားတွေနဲ့ မြို့နယ်ရုံးကို ၀င်ကြည့်ပေမယ့် ရုံးမဖွင့်တဲ့အတွက် လယ်ကွင်းထဲကို ပဲ ဆက်ချီတက်ခဲ့ကြပါတယ်။ ဥပဒေဟောင်း ဥပဒေသစ် ကိုင်ပြီး အိုးအိမ်ဌာနမှ အကြောင်းပြန်ထားတဲ့ ဇေကမ္ဘာကို စက်မှုဇုံလုပ်ကိုင်ခွင့်ပေးမထားဘူး ဆိုတဲ့ အကြောင်းလည်း လယ်သမားတွေ သိပြီးသားပါ။ ဇေကမ္ဘာရုံးရှေ့မှာ သွားပြီး ရှင်းချက်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ မရှိပါဘူး။ လုံခြုံရေးတွေက ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းကို လက်ကိုင် ဖုန်းလေးနဲ့ မှတ်တမ်းတင်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုံအတွက် ခွင့်ပြုထားခြင်းမရှိကြောင်း အိုးအိမ်ဌာနမှ ဒေါ်ခင်မေအေး ပြောဆိုချက်ကို လယ်သမားတွေကို ရှင်းပြပြီး
လယ်ပြန်စိုက်ကြဖို့ ဥပဒေအဟောင်းမှာ တန်းစီဇယားချပြီး လယ်မြေတွေချ
ထားပေးရမည့်အကြောင်း ဆင်းရဲသားတွေကို ဦးစားပေးရမည့်အကြောင်းနှင့်
ဥပဒေသစ်မှာ လယ်ယာမြေတွေကို သွားရောက် မှတ်ပုံတင်ရမည့်အကြောင်း
သတင်းစာကိုင်ပြီး ရှင်းလင်းနေခြင်းပါ။

သာသနာ့အလံက တံဆာခံပါ။ ဆိုင်းဘုတ်ထတ်ထားတာတော့ ကြာပါပြီ အကွက်ဆင်ထားတာပါ အဲဒီလူ ဘယ်နေရာ ဘယ်ဌာနမှာလဲဆိုတာတောင် ဒေသခံလယ်သမားတွေ မသိပါဘူး။ အဲသလို ဆိုင်းဘုတ်တွေ အများကြီးပါ။

ဇေကမ္ဘာကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းကလည်း တာဝန်အရ ဗွီဒီယို ဓာတ်ပုံမှတ်တမ်း ရယူနေခြင်းပါ။ လက်နက်ကိရိယာ တံဆာပလာအစုံနဲ့ တွေ့မြင်ရပါလိမ့်မယ်။

ဇေကမ္ဘာက ရွှေနံ့သာ လယ်မြေထဲမှာ မန်နေဂျာ ဦးမြင့်ဇော်ရဲ့ ရုံးဖြစ်ကြောင်း လယ်သမားတွေ ပြောပြပါတယ်။ ဒီကနေ့မှာတော့ လုံခြုံရေးဝန်ထမ်းတွေသာ ရှိနေပါတယ်။
ယနေ့ ရွှေနံ့သာကျေးရွာမှာ လယ်သမားတွေ လယ်ပြန်စိုက်တော့မယ့်အကြောင်း ဥပဒေအဟောင်းနဲ့ ဥပဒေသစ်မှာ ပြဌာန်းချက်တွေကို ထောက်ပြီး ဦးနေမျိုးဝေက ဦးခင်ရွှေရဲ့ လယ်ကွင်းထဲက ဇေကမ္ဘာရုံးလေး ရှေ့မှာ လုံခြုံရေး ၀န်ထမ်းများသာရှိတဲ့ တဲလေး ရှေ့မှာ ရှင်းချက် ထုတ်ခဲ့ပါတယ်။ ဇေကမ္ဘာကတော့ ဘူဒိုဇာ အထိုးမပျက် ရှိနေဆဲပါခင်ဗျာ ။ ကျွန်တော် ပြောချင်တာတော့ နိုင်ငံတော်အစိုးရ လူကြီးများပေါ့ဗျာ ... ဖြစ်နေတာ တွေကို သိရင် ရှင်းချင်သလို ရှင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် တော့ ဆောင်ရွက်သင့်ကြောင်းပါ။
နောင်တော်လေး (ဖေ့စ်ဘုတ်)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger