Asean Youth Forum သို့ တက်ရောက် ခဲ့သည့် လူငယ်များ အတွေ့အကြုံ ဆွေးနွေး ဖလှယ်

Monday, May 21, 20120 မှတ်ချက်များ

၂၀၁၂ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပပြု လုပ်ခဲ့တဲ့ Asean Youth Forum နဲ့ ASEAN People Forum သို့

တက်ရောက်ခဲ့တဲ့ မြန်မာ လူငယ်များရဲ့ အတွေ့အကြုံ ဆွေးနွေး ဖလှယ်ပွဲကို မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့ Excel Treaure Tower မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ မှာတော့ တက်ရောက်ခဲ့တဲ့ လူငယ်များဟာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ အောင်မြင်မှုများ တက်ရောက် ဖြစ်ခဲ့ပုံများနဲ့ တက်ရောက် ခဲ့တဲ့ လူငယ်တွေရဲ့ အနာဂတ် အစီအစဉ် တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေး ဖလှယ်မှုများ မှာတော့ မြန်မာနိုင်ငံမှ လူငယ်များဟာ ပညာရေးနဲ့ အလုပ်သမား ဥပဒေများကို ဖော်ဆောင် ပေးရန် တောင်းဆို ခဲ့မှုတွေကို ရှင်းလင်း ပြောကြားခဲ့ ပါတယ်။ ဒီလို Asean Youth Forum နဲ့ ASEAn People Forum ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ၂၀၁၄ ခုနှစ်မှာ လက်ခံ ကျင်းပအုံးမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger