နည်းပညာဈေးကွက်တွင် Apple ထုက်ကုန်များနှင့် တခြားထုတ်ကုန်များ ပြိုင်ဆိုင်မှုပိုမိုလာ

Tuesday, May 15, 20120 မှတ်ချက်များ


ပြိုင်ဆိုင်မှုနည်းပါးလာခဲ့သည့် နည်းပညာဈေးကွက်၌ Apple ထုတ်ကုန်များနှင့်အတူ ပြန်လည်ပြိုင်ဆိုင်လာခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။ ၂၀၀၉ ခုနှစ်ဝန်းကျင်၌ နည်းပညာပစ္စည်းအရောင်းဆိုင်များသည် Laptop များကို အထူးဈေးနှုန်းများသတ်မှတ်၍ ၀ယ်ယူသူများအကြား နာမည်ရရှိစေရန် ယှဉ်ပြိုင်လာခဲ့ကြကြောင်း၊ ဈေးနှုန်းလျှော့ချ ယှဉ်ပြိုင်ခြင်းကြောင့် အရှုံးများနှင့် ရင်ဆိုင်လာရသည့်အခါ၌ ၀န်ဆောင်မှုများနှင့် ထပ်မံယှဉ်ပြိုင်လာခဲ့ကြကြောင်း၊

ယခုအခါတွင်မူ Apple ထုတ်ကုန်ပစ္စည်းများနှင့်အတူ ဈေးကွက်အတွင်း၌ ပြန်လည်ယှဉ်ပြိုင်လာခဲ့ကြကြောင်း ပြည်တွင်းနည်းပညာဈေးကွက်ကို လေ့လာစောင့်ကြည့်သူတစ်ဦးကပြောသည်။ “အခု ကျွန်တော်က New ipad ကိုတစ်လုံး ၅ ထောင်ပဲ အမြတ်ယူပြီး ရောင်းချဖို့ရှိတယ်။ အရင်ကတော့ ဈေးကွက်ထဲကို တစ်ခါမှဝင်မတိုးဖူးဘူး။ ဈေးကွက်က Apple ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်လာကြတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။ တချို့ဆိုင်တွေကတော့ ပစ္စည်းမရှိတတ်ကြဘူး။ ကျွန်တော်က ပစ္စည်းလည်းရှိတယ်။ ဈေးနှုန်းကိုလည်း တခြားဆိုင်တွေနဲ့မတူအောင် အနိမ့်ဆုံးဈေးနဲ့လျှော့ရောင်းဖို့ စီစဉ်ထားတယ်” ဟု X Code မှကိုပြည့်ဖြိုးက ၎င်းရောင်းချပေးမည့် Apple ထုတ်ကုန်များနှင့်ပတ်သက်၍ ပြောသည်။ Apple ထုတ်ကုန်များသည် ပြည်တွင်း၌ တရားဝင် လာရောက်ရောင်းချခြင်းမဟုတ်သော်လည်း အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ပြန်လည်ဝယ်ယူ၍ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးခြင်းဖြစ်သည်ဟု ပြည်ပနိုင်ငံများမှ နည်းပညာပစ္စည်းများကို တင်သွင်းရောင်းချ နေသည့် ကုန်သည်တစ်ဦးကပြောသည်။ “ဈေးကွက်ပြိုင်တယ်လို့လည်း မဟုတ်ပါဘူး။ Apple ရဲ့ အင်တာနက်ဈေးနှုန်းတွေက အတူတူပဲလေ။ ပြည်ပမှာလည်း iPad အသစ်ထွက်လို့ဝယ်ချင်ရင် သွားပြီး တန်းစီရတယ်။ ပြန်ရောင်းတဲ့လူတွေဆီက ပြန်ဝယ်တာဆိုတော့ ကြားထဲကကုန်ကျစရိတ်တွေက ရှိနေတယ်။ ဒါကို အရှုံးခံပြီးရောင်းကြမှာတော့ မဟုတ်ပါဘူး။ အသစ်ထွက်ကိုလိုချင်လို့ ကြိုတင်အော်ဒါတွေနဲ့ လာဝယ်တဲ့လူတွေလည်းရှိတယ်။ ကြိုတင်အော်ဒါနဲ့ဆိုရင် ဈေးလည်းလျှော့ပေးတယ်” ဟု Life Mark ကွန်ပျူတာအရောင်းဆိုင်မှ မဇွန်ပန်းဖြူကပြောသည်။ New iPad များထွက်ရှိလာသည့်နောက်ပိုင်း ipad 2 ဈေးနှုန်းများသည် သိသိသာကျဆင်းလာခဲ့ကြောင်း၊ ပြည်တွင်းရှိ Apple ထုတ်ကုန်အသုံးပြုလိုသူများ၏ ၀ယ်လိုအားမှာလည်း များစွာတည်ရှိနေကြောင်း၊ အသစ်ထွက်ရှိလာသည့် Apple ထုတ်ကုန်များကို ၀ယ်လိုအားရှိနေသည်သာမက ဈေးနှုန်းလျှော့ချလိုက်သည့် iPad များကိုလည်း တစ်ရက်လျှင် အလုံးရေ ၅၀ အထိ ၀ယ်လိုအားမြင့်တက်လာခဲ့ကြောင်း မဇွန်ပန်းဖြူကဆိုသည်။ အသုံးပြုလိုသူ များပြားလာခဲ့ သည့် Apple ထုတ်ကုန်များကို ယခုအခါ၌ နည်းပညာပစ္စည်းအရောင်းဆိုင်တိုင်းတွင် တင်ဆောင်ရောင်းချလာခဲ့ကြပြီး ဈေးနှုန်းလျှော့ချပေးခြင်းများကိုလည်း အပြိုင်အဆိုင်ကြော်ငြာလာခဲ့ကြကြောင်း၊ ထို့အတူ ဈေးနှုန်းအနည်းငယ် မြင့်မားနေသော်လည်း အရည်အသွေးကောင်းမွန်သည့် Apple ထုတ်ကုန်များကို ပြည်တွင်းဝယ်လိုအား များပြားစွာတည်ရှိနေသေးကြောင်း ဈေးကွက်လေ့လာနေသူကပြောသည်။ မတ် ၁၆ ရက်နေ့၌ နိုင်ငံအနှံ့အပြား၌ စတင်ရောင်းချခဲ့သည့် New iPad များကို ပြည်တွင်း၌ 16 Gလျှင် ၅၆၀,၀၀၀ ကျပ်၊ 32G လျှင် ၆၉၉,၀၀၀ ကျပ်၊ 64G လျှင် ၇၉၉,၀၀၀ ကျပ်ခန့် ရောင်းဈေး သက်မှတ်ထားရှိကြောင်း အဆိုပါဈေးနှုန်းသည် New ipad Wifi ဈေးနှုန်းသာဖြစ်ပြီး 4G ဈေးနှုန်းမဟုတ်ကြောင်း Neo Tech ကွန်ပျူတာအရောင်းဆိုင်မှ သိရသည်။

ရေးသားသူ -မြင့်ကျော်လှိုင်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger