A.C.E ကုမ္ပဏီ ရုံးပိတ်ရက်မရှိ

Monday, May 21, 20120 မှတ်ချက်များ

A.C.E ကုမ္ပဏီပိုင်ရှင် ၀န်ကြီးဦးတင့်ဆန်း
နေပြည်တော်တွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်းများစွာ ရှိသည့်အနက် A.C.E ကုမ္ပဏီ ဆိုလျှင်မသိသူ မရှိသလောက်နီးပါးရှိပါသည်။ မြန်မာနိုင်ငံ၏ အထင်အရှားဖြစ်သော လွှတ်တော်စီမံကိန်းကို တည်ဆောက်ခဲ့သောကြောင့် သိကြသည်။ နေပြည်တော် FC ဘော်လုံးအသင်း၏် ပိုင်ရှင်ဖြစ်သောကြောင့် သိကြသည်။ ကုမ္ပဏီ ပိုင်ရှင် ဦးတင့်ဆန်း မှာ အား ။ ကာဝန်ကြီး ဌာနနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန နှစ်ခုကို တာဝန်ယူ အုပ်ချူပ်ရသော ပြည်ထောင်စု လွှတ်တော်မှ ဝန်ကြီးတစ်ယောက်ဖြစ်သောကြောင့် သိကြပါသည်။

A.C.E ကုမ္ပဏီတွင်ဝန်ထမ်းတိုင်း ကြုံတွေ့နေရသော ပြသနာတစ်ရပ်မှာ အလုပ်ပိတ်ရက် လုံးဝ မရရှိခြင်းပင်ဖြစ်သည်။ ကျွန်တော်သည် A.C.E ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသည်။ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တာဝန်ကျသှောငအန တွင် အလုပ်လုပ်ပါသည်။ လာကြိုသော ဖယ်ရီဖြင့် A.C.E ဝန်ထမ်းအိမ်ယာ သို့ ညနေ ၆ နာရီ မှ ပြန်ရောက်ပါသည်။ ည ၈ နာရီ ထိုးသော အခါ ဝန်ထမ်းအိမ်ယာ အတွင်းရှိ ပင်မရုံးတွင် ညရုံးတက်ရပါသည်။ O.T ဟုခေါ်သော အချိန်ပို ဆင်းရပါသည်။ ည ၁၁ နာရီမှ ရုံးဆင်းပါသည်။ အလုပ်သမားဥပဒေ အရ ဝန်ထမ်းတစ်ယောက်၏ တစ်နေ့တာ အလုပ် လုပ်ချိန်သည် ၈ နာရီ သတ်မှတ်ထားပါသည်။ O.T အဖြစ်သတ်မှတ်ထားသော ၁ နာရီ၏ လုပ်အားခသည် ပုံမှန် ၁ နာရီလုပ်အား၏နှစ်ဆ နှုန်ထားဖြစ်ပါသည်။ သို့သော်လည်း တစ်ရက် ၁ဝဝဝ နှုန်းထားဖြင့် တစ်လ ၃ဝဝဝဝ ကျပ်သာရပါသည်။ ညရုံးတစ်ရက် ပျက်ကွက်ဖြစ်လျှင် ၂ဝဝဝ ကျပ်ဖြတ်တောက်ပါသည်။ ၇ ရက် ပျက်ကွက်ဖြစ်ပါက ၃ဝဝဝဝ ကျပ်ဖြတ်တောက်ပါသည်။

A.C.E ကုမ္ပဏီ သည် ဝန်ထမ်းများကို ကျွန် များသဖွယ် မညှာမတာ ခိုင်းနေသည်။အလုပ်ပိတ်ရက်မှာ စနေနေ့ ညတစ်ညမှ လွဲ၍ လုံးဝ မရှိပါ။ ၁ ရက်တိတိ ပိတ်သည်ဟူ၍မရှိပါ။ လွတ်လပ်ရေးနေ့ ၊ အလုပ်သမားနေ့ စသော စသော နေ့များတွင်လည်းပိတ်မပေးပါ။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ပိုင်သော ကုမ္ပဏီမှ MD ဖြစ်သော ဦးဇော်မိုးဝင်း ကလည်းထင်သလို လုပ်နေသည်။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ကလည်းလက်ပိုက်ကြည့်နေသည်။ ဝန်ထမ်းများကလည်း မပြောရဲကြပါ။ အနားယူချိန် လုံးဝ မရှိပါ။ ယခုမူ ဝန်ထမ်းများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ၊ ဘဝတိုးတက်ရေးများအတွက် A.C.E ကုမ္ပဏီမှ မျက်စိ၊နား များကို သေချာစွာ ပိတ်ထားသည်။

အချုပ်ဆိုရသော် ရုံးပိတ်ရက် တစ်ရက်မှမရရှိသည့် ပြသနာ နှင့် ညစဉ် ညရုံးတက်ရသောပြသနာမှာ အဆိုးဆုံးပင်ဖြစ်ပါသည်။ ဤသည်ကို သမ္မတကြီး ဦးသိန်းစိန် နှင့်တကွ အလုပ်သမားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ပြည်သူလူထု တစ်ရပ်လုံးအား
သိစေချင်ပါသည်။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ပိုင် MD ဦးဇော်မိုးဝင်းအုပ်ချုပ်နေသော A.C.E ကုမ္ပဏီ တွင်အလုပ် လုပ်လျှက်ရှိသော ဝန်ထမ်းများ၏ ဘဝ ကို သနားသောအားဖြင့် သက်ဆိုင်ရာ စွမ်းဆောင်နိုင်သော အဖွဲ့အစည်း များသို့ ဝေမျှကာ ကျွန်တော်တို့အားကယ်တင်စေလိုပါသည်။

A.C.E ကုမ္ပဏီဝန်ထမ်းများ(နေပြည်တော်)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger