ကြားဖြတ် ရွေးကောက်ပွဲ ပူပူနွေးနွေး အနိုင် ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အတွင်း အယောင်ဆောင်များ ရှိနေသဖြင့် ပြန် လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသ ကြီး NLD ဥက္ကဋ္ဌ ဦးသိန်းတန်က ပြောကြားသည်။
မန္တလေး မြို့တော်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပသော တိုက်ဂါး နေကြာမှ ဂုဏ်ပြုသော အခမ်းအနားတွင် ယင်းနှင့် တွေ့ဆုံစဉ် The Voice Weekly သို့ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပြန်လည် ဖွဲ့စည်းရန် အသင်းဝင် လျှောက်လွှာ တစ်သောင်းကို ဖြန့်ဝေထားပြီး ယခုအချိန်ထိ မန္တလေးမြို့တွင် NLD ပါတီဝင် လေးထောင်ကျော်သာ ရှိသေးကာ ပါတီဝင်များကို ပြန်လည် ဆန်းစစ်သွားမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။
"ကျွန်တော် ကိုယ်တိုင်က စပြီး လျှောက်လွှာ တင်ရမှာ။ ကျန်တဲ့ လူတွေတော့ ပြောမနေနဲ့တော့" ဟု ဦးသိန်းတန်က ဆိုသည်။ ပါတီ ဂုဏ်သိက္ခာ ကျဆင်းစေ ရန် အချို့သော အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်များမှ သေသေချာချာ ပြုမူ ဖန်တီး နေကြကြောင်း၊ ၄င်းတို့ အနေဖြင့် NLD ပါတီကို စည်းကမ်းစနစ် ကျနသော ပါတီ တစ်ခုအဖြစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။