ဘီယွန်းဆေးအမည်ရှိ စွန့်ပစ်ခံရသော ခွေးကလေးတစ်ကောင်သည် လက်ဘက်ရည်ဇွန်း တစ်ဇွန်းထဲ၌ပင် နေနိုင်ပြီး iPhoneပေါ်၌ တင်ထား၍ ရသည်ဟုဆိုသည်။ ဘီယွန်းဆေးသည် မွေးဖွားလာစဉ် ကိုယ်အလေးချိန် တစ်အောင်စပင် မပြည့်ဘဲ သီတင်းနှစ်ပတ်ကြာပြီး တိုင်းတာခဲ့ရာ၌ အလျားလေးလက်မသာ ရှိသည်။ သူ၏ မိခင်ခွေးမကြီး ကက်စေးကို ကယ်လီဖိုးနီးယား ဒေသ၏ လမ်းများပေါ်တွင် စွန့်ပစ်ထားသည်ကို တွေ့ရှိရပြီးနောက် ကိုယ်ဝန်ရှိစဉ် တိရစ္ဆာန်ကယ်တင်ရေး အဖွဲ့ကကယ်ဆယ် ထားခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၁ခုနှစ်က Survivor(အသက်ရှင်ကျန်ရစ်သူ) တေးအယ်လ်ဘမ်ဖြင့် အလွန်အောင်မြင် ကျော်ကြားလာသော အဆိုတော် ဘီယွန်းဆေးနိုးကို ဂုဏ်ပြုသောအားဖြင့် ခွေးကလေး၏အမည်ကို ဘီယွန်းဆေးဟု အမည်ပေးထားခြင်း ဖြစ်သည်ဟုဆိုသည်။ အဆိုပါ တိရိစ္ဆာန် ကယ်တင်ရေးအဖွဲ့သည် ဘီယွန်းဆေးအား ကမ္ဘာ့အသေးဆုံးခွေးအဖြစ် အသိအမှတ်ပြုပေးရန် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့သို့ တရားဝင် လျှောက်ထားလိုက်ကြောင်းလည်း သိရသည်။
iPhone တစ်လုံးစာသာရှိသော ခွေးကလေးကို ကမ္ဘာ့အသေးဆုံး ခွေးဟုဆို
Friday, April 13, 20120 မှတ်ချက်များ
Labels:
ထူးဆန်းထွေလာ,
ပြည်ပသတင်း
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။