**အဆိုတော် Bunny Phyo နှင့်အင်တာဗျူး**

Monday, April 9, 20120 မှတ်ချက်များ





**Bunny ဂီတလောကထဲစ၀င်လာပုံကိုပြောပါဦး။

**ဂီတလောကထဲဝင်လာတာက..ငယ်ငယ်လေးတည်းကသီချင်းဆိုချင်တယ်..အဆိုတော်ဖြစ်ချင်တယ်..

အဲဒီတော့..ကျွန်တော်ငယ်ငယ်တည်းက..သီချင်းတွေလုပ်ချင်တယ်..၀ါသနာပါတော့ လုပ်တော့လုပ်

ဖြစ်တယ်..တကယ်တမ်း..recording ကို.studio မှာစလုပ်တာကတော့..ဆယ်တန်းပြီးမှပါ..ဆယ်တန်း

ပြီးမှ.သေချာလုပ်ဖြစ်သွားတာပါ..

**သီချင်းကိုဘယ်ချိန်ကစပြီးခံစားတတ်တာလဲ။

**ကလေးအရွယ်တကည်းကခံစားတတ်တာပါ..ကျွန်တော်ကတော့..ကိုယ့်ကိုကိုယ်မမှတ်မိတော့ဘူး..

လူကြီးတွေပြောတာတော့..စကားစပြောတတ်ခါစကတည်းက..အချစ်ရေကိုယ်ကြောင့်..တို့ဘာတို့..

ထိုင်အော်နေတာတဲ့.။စကားကမပီဘူး..သီချင်းကဆိုနေတာ..ကျွန်တော်သိတတ်စအရွယ်ကတည်းက

သီချင်းပဲဆိုနေတာ..ခုထိလည်းအဲလိုပဲ..အိမ်ကလူတွေနဲ့တစ်နေ့လုံးစကားပြောချင်မှပြောတာ..

ကျွန်တော်ကစကားကတော့နည်းတယ်...သီချင်းကတော့သေလောက်အောင်ဆိုတာလေ..

**ဂီတသက်တမ်းကရောဘယ်လောက်ရှိသွားပြီလဲ။

**ဂီတသက်တမ်းက..၂၀၀၈ကတည်းကဆိုတော့...လေးနှစ်ပါ..

**အခက်အခဲတွေကရော..

**သူငယ်ချင်းတွေနဲ့စလုပ်ကတည်းကအခက်အခဲဆိုတာရှိခဲ့တယ်လေ..ကျွန်တော်စလုပ်တော့

အသိအကျွမ်းလည်းမရှိဘူးဗျ...Studio ဆိုတာတောင်..ပထမဆုံးရောက်သွားတဲံအချိန်တုန်းက..

တော်တော်ကြောင်တာ..show ဆိုဖို့အတွက် သီချင်းရေးရတာတွေတော့..အခက်အခဲတွေကတော့

သူဟာနဲ့သူ...အများကြီးပါပဲဗျာ..

**ဘယ်သီချင်းကြောင့်အဆိုတော်..Bunny Phyo ဆိုတာဖြစ်လာတာလဲ..

**နှစ်ပတ်လည်ပေါ့..များသောအားဖြင့်ကတော့..နှစ်ပတ်လည်နဲ့စသိကြတာ..တစ်ချို့ကတော့

အလွမ်းပြေအနမ်းနဲ့သိချင်သိမယ်..တစသ်ချို့ကျတော့..ချစ်တယ်ဟုတ်နဲ့သိတယ်..ဒါပေမယ့်

ကျွန်တော်ကတော့..နှစ်ပတ်လည်နဲ့ကို..လူသိအများဆုံးလို့ထင်တယ်လေ..

**Bunny ရဲ့တစ်ကိုယ်တော် Album ဘယ်တော့လောက်ထွက်မယ်မှန်းထားလဲ။

**တစ်ကိုယ်တော် Album ကို..ကျွန်တော်အစက..ဇူလိုင်မှန်းထားတာ..ဇူလိုင်ထဲမှာရအောင်

ထွက်မယ်ပေါ့..ဒါပေမယ့်..အခုကျတော့..ကျွန်တော့်သူငယ်ချင်း..ကိကိအခွေကလည်းထွက်ဖို့ရှိတယ်

သူ့အခွေထဲမှာလည်း..ကျွန်တော့ featuring တွေကအများကြီးပဲလေ..အဲဒီတော့..သူနဲ့ကျွန်တော်နဲ့

တိုက်နေမှာစိုးလို့..ဘယ်သူအရင်ထွက်မလဲ..ညှိနေတယ်..သိပ်မကွာလောက်ဘူး..သူအရင်ထွက်မယ်

ဆိုရင်လည်း..ကျွန်တော်က နောက်လလောက်ပေါ့..

**စိုင်းစိုင်းနဲ့ဆိုထားတဲ့..တစ်ကိုယ်တော် Valentine သီချင်းလေးကို..ပရီတ်သတ်တွေတော်တော်

သဘောကျတာတွေ့ရတယ်နော်..အဲဒီသီချင်းဆိုဖြစ်သွားပုံလေးကိုလည်းပြောပြပါဦး..

**အဲဒီသီချင်းက..စိုင်းစိုင်းနောက်ထွက်မယ့်..ဒိတ်ဒိတ်ကျဲအခွေထဲက..သီချင်းပါ..သူရေးထားတာကို

ဆိုပြတယ်..ကျွန်တော်လည်းဆိုရင်းဆိုရင်းနဲ့အရမ်းကြိုက်သွားတာနဲ့ရယ်..နောက်ပြီး..ကျွန်တော်တို့..

နှစ်ယောက်က..Valentine ခံစားချက်တူတော့ဆိုဖြစ်သွားတယ်..အဲဒီသီချင်းဆိုတဲ့နေ့ကလည်း..

မိုးတွေရွာပြီး..ခံစားချက်အပြည့်နဲ့ပေါ့နော်..အဲဒီသီချင်းက..ကျွန်တော်ရော..သူရောအရမ်းကြိုက်တယ်..

ဒီတော့..ပရီတ်သတ်ကြီးလည်းကြိုက်မယ်ထင်တယ်ဗျာ..

**သီချင်းဆိုတာအပြင်တစ်ခြားဘာတွေဝါသနာပါသေးလဲ..

**အများကြီးပဲ..Hand made လေးတွေလုပ်ရတာဝါသနာပါတယ်..Photographing လည်းပါတယ်..

ပန်းချီလည်းကျောင်းတုန်းကတော့ဆွဲတယ်..ခုတော့မဆွဲဖြစ်တော့ဘူးလေ..

**Bunny ကအသံအရမ်းကောင်းတော့..အသံအတွက်ဘယ်လိုလေ့ကျင့်လဲ..

**အဲလိုမျိုးလေ့ကျင့်တာတော့မရှိပါဘူး..ရေချိုးခန်းထဲမှာအော်အော်ဆိုရင်းနဲ့...အဆိုတော်ဖြစ်သွားတာပေါ့..

အခုတော့အသံနာနေတယ်..(ရယ်လျက်)

**အခုအသံနာနေတယ်ဆိုတော့ဘယ်လိုပြန်ပြီးဂရုစိုက်လဲ..

**တတ်နိုင်သမျှစကားမပြောဘူး..အခုတော့..သူငယ်ချင်းတွေနဲ့..အိမ်ကလူကြီးတေါပေးတဲ့နည်းလမ်းတွေ..

ေ၇နွေးငုံတာတွေဘာတွေပေါ့..အဲလိုမျိုးလေးတွေလုပ်ရတာပေါ့..

**ရှိုးပွဲတွေဆက်တိုက်ဆိုတဲ့အခါ..အသံဝင်တာရောဖြစ်ဖူးလား..

ဟုတ်ကဲ့..ဖြစ်တယ်..သီချင်းတွေအများကြီးဆိုနဲ့အခါပေါ့..စိုင်းစိုင်းရှိုးတုန်းကဆို..သီချင်းတွေကအမြူးတွေချည်း

ဆိုတော့..ခုန်ပေါက်ပြီးဆိုတာလေ..ကျွန်တော့သီချင်းတွေက..အမြူးတွေဆိုတော့..အော်အော်ပြီးဆိုတော့..

အသံကပျောက်ပျောက်ကုန်ရော..

**အဲလိုအသံပျောက်ရင်ဘယ်လိုပြန်ပြီး..အသံကောင်းအောင်လုပ်ဖြစ်လဲ..

**ခစလေးနားပြီးနေလိုက်ရင်တော့..သူ့ဘာသာပြန်ကောင်းလာတယ်..ပျောက်တဲ့အချိန်မှာတော့ကိုယ့်ဘာသာ

နည်းလမ်းရှာပြီးဆိုရတာပေါ့လေ..

**စိတ်ဖိစီးမှုတွေများလာတဲ့အခါရောဘယ်လိုအပန်းဖြေတတ်လဲ..

**စိတ်ဖိစီးမှုကသိပ်မများတတ်ပါဘူး..ကျွန်တော်က..စိတ်ညစ်စရာဆို..ဘယ်လိုမှ..ခေါင်းထဲစွဲမထားတတ်ဘူးလေ..

စွဲထားလို့အကျိုးရှိတာမှမဟုတ်တာ...အဲဒီတော့မေ့ပစ်လိုက်တယ်..စိတ်ညစ်စရာတစ်ခုခု ခံစားချက်တစ်ခုခုဆိုရင်တော့

သီချင်းရေးလိုက်တယ်..

**အားကစားရောလုပ်ဖြစ်လား..

**အထက်တန်းကျောင်းသားဘ၀ကတော့..Basketball ကစားဖြစ်တယ်ဗျ..ဘောလုံးလည်းကန်တယ်..အဲနှစ်ခုကတော့

ကျောင်းတုန်းကပုံမှန်လုပ်တယ်..ခုတော့..သူငယ်ချင်းတွေနဲ့ဆုံမှပဲ..လုပ်ဖြစ်တော့တယ်ဗျ..

**Bunny ရဲ့ပညာရေးကရော..

**ကျွန်တော့ပညာရေးက..Final Year (English) ပါဗျာ..

**Bunny ရဲ့အချစ်ရေးကိုလည်းစိတ်ဝင်စားနေကြတယ်နော်..အခြေအနေကရော..

**အချစ်ရေးကတော့..အချစ်ရေးပါပဲဗျာ..ဒီလိုပါပဲဗျာ..(ရယ်လျက်)

**Bunny ကိုအားပေးနေတဲ့ပရိတ်သတ်ကြီးအတွက်လည်းစကားလက်ဆောင်လေးပြောပေးပါဦး..

**အားလုံးကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့နေကြပါလို့..ကိုယ့်ကျန်းမာရေးကိုဘယ်သူမှဂရုမစိုက်ပေးရင်တောင်

ကိုယ့်ကိုကိုယ်ဂရုစိုက်ပါလို့ပြောချင်ပါတယ်..

**ဆက်သွယ်ရမယ့်လိပ်စာလေးပြောပေးပါဦး..

**အမှတ် ၂၉၂၊ဒုတိယထပ်၊ပန်းဆိုးတန်းလမ်း။ကျောက်တံတားမြို့နယ်၊ရန်ကုန်ပါ။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger