ဦးတေဇလည်း စာဖတ်နေပြီ

Sunday, April 15, 20120 မှတ်ချက်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_06I0FgnUIO9Ck0kMEqjgH5gnQw7f0v_WgfmR5_T_EzH2a4_MxvvJBkjRCeR_qiu7qkfBwvdpPLDHF7qgkh87x2JxfC7DEkU1GIpXy9ykaFixSa7NZts71FJeRUsbk-01HoBVnVasDyQ/s400/%2528op+%25282%2529.JPG

မြန်မာပြည်မှာ ခါတိုင်းထက်ပိုပြီး စာအုပ်တွေ အရောင်းသွက်နေပုံရပါတယ်။ ဗိုလ်သန်းရွှေကြီး စာဖတ်နေတယ် ဆိုတဲ့ သတင်း ထွက်လာအပြီးမှာ အခုတခါ စာဖတ်နေသူကတော့ ဦးတေဇ ဖြစ်ပါတယ် တဲ့။

သူဌေးကြီး ဦးတေဇက ရေခဲတောင်ကအပြန်မှာ စာဖတ်သူဖြစ်လာတော့တာပါပဲ လို့ သူ့ သားတော်မောင် ပြည့်ဖြိုးတေဇက ပြောဆိုတဲ့အကြောင်း Reuters သတင်းဆောင်းပါး တပုဒ်မှာ
ရေးထားပါတယ်။

"သူက (စီးပွားရေး) ဘာမှ မလုပ်တော့ဘူး။ မန်နေးဂျင်းဒါရိုက်တာကိုပဲ ကိုယ်စားလှယ်လွှဲထားလိုက်ပြီး အိမ်မှာ နေတယ်၊ စာအုပ်တွေ ဖတ်တယ်၊ အားရင် စာပဲ ဖတ်နေတာပဲ" လို့ ဆိုတယ်။

ဦးတေဇရဲ့ အပြောင်းအလဲက အရင်နှစ် ရေခဲတောင်မှာ ရဟတ်ယာဉ်ပျက်ကျအပြီး ဖြစ်လာတာပါ။

ကျောက်ကပ် ထိခိုက်နေပြီး ကချင်ပြည်နယ် ရေခဲတောင်မှာ ၃ ရက်ကြာ ပိတ်မိခဲ့တဲ့ နောက်ဆက်တွဲရလဒ်တွေကြောင့်လည်း ကျန်းမာရေး ချို့ယွင်းနေတယ်လို့ သားတော်မောင်က ဆိုပါတယ်။

သူ့ဖောင်ဒေးရှင်းနဲ့ လုပ်နေတာတွေ အများကြီး ရှိတယ်၊ ရဟတ်ယာဉ်ပျက်ခဲ့တဲ့ဒေသအတွက် လုပ်နေပါတယ် တဲ့။

Reuters သတင်းဆောင်းပါးက ဦးတေဇတယောက်တည်းအကြောင်း ရေးထားတာ မဟုတ်ပါဘူး။

ခရိုနီ လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်သူများအကြောင်း အရှည်ကြီး ရေးထားတာပါ။

"ဘယ်သူနဲ့ဖြစ်ဖြစ် မိတ်ဆွေဖွဲ့နိုင်တယ်" လို့ ဆိုတဲ့ လုပ်ငန်းရှင်ကြီး ဦးဇော်ဇော်က မိတ်ဆွေတွေဆီက အခွင့်အရေးတွေရတယ် ဆိုတာကို မငြင်းပါဘူး တဲ့။ နေပြည်တော် ကုမုဒြာဟိုတယ် ဆောက်လုပ်ရေးကို တာဝန်ယူရတော့
သူ ပိုက်ဆံမရပါဘူး တဲ့။ သို့သော် ... ကားတင်သွင်းခွင့်ပါမစ် ဆယ်ခု ရတယ်၊ တခုကို ဒေါ်လာ တသိန်းရှစ်သောင်းတန်တယ်လို့ ဆိုတယ်။


ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံပိုင်လုပ်ငန်းကြီး ၃၀၀ ၀န်းကျင်ကို ပုဂလိကပိုင်တွေ လုပ်တဲ့ယ်၊ လုပ်ပိုင်ခွင့်တွေ ချတဲ့ ကာလမှာ စစ်အုပ်စုနဲ့ နီးစပ်သူများ ထီပေါက်ကြပါတယ်။ ဦးဇော်ဇော်က ဘဏ်လုပ်ငန်းတခု နဲ့ ဘိလပ်မြေစက်ရုံတရုံ လုပ်ခွင့် ရပါတယ်။
"ဒီနှစ်ခုက တကယ့်ကို ကျေးဇူးတင်စရာပါပဲ။ အရင်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်" တဲ့၊ ဦးဇော်ဇော်က Reuters သတင်းဌာနကို ပြောပါတယ်။

အရင် စစ်အုပ်စုနဲ့ နီးစပ်သူတဦးကတော့ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်း ဖြစ်ပါတယ်။ သူ နဲ့ ဗိုလ်ချုပ်သန်းရွှေကြီး ကျောက်စိမ်းတုံးတွေ စစ်ဆေးနေဟန် ဓာတ်ပုံတွေကို သူ့ရဲ့ဘဏ်ခွဲတွေမှာ ချိတ်ထားတယ် တဲ့။

၂၀၀၈ ခုနှစ် အမေရိကန်သံတမန်တွေနဲ့ ဦးအောင်ကိုဝင်း တွေ့ရာမှာ ကျောက်စိမ်းတွင်းတွေ ကျောက်တွင်းတွေ လုပ်ကိုင်ခွင့်တွေကို ဗိုလ်ချုပ်မောင်အေးဆီက ရခဲ့ကြောင်း ၀န်ခံခဲ့တယ် တဲ့။

ထင်ရှားသူများအကြောင်းထဲက ဟိုတတို့ ဒီတတို့ ကောက်ယူ ဖောက်ပြလိုက်တာပါ။ တခြားသော လုပ်ငန်းရှင်ကြီးများ သူဌေးကြီးများအကြောင်းကိုလည်း ရေးထားပါသေးတယ်။

Reuters သတင်းဌာန ၀က်ဆိုက် www.reuters.com/article/2012/04/12/us-myanmar-cronies-image-idUSBRE83B0YU20120412 မှာ Special Report: An image makeover for Myanmar Inc ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖတ်နိုင်ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger