လွန်ခဲ့သော် ၂၀၀၇ခုနှစ်က ဗုဒ္မဘာသာဝင်တို့ ၏ အမြင့်ဆုံးသော
ရတနာသုံးပါးတွင် တပါးအပါအ၀င်ဖြစ်သော သံဃာတော်တို့ အား
ရန်ကုန်လမ်းမများပေါ်နှင့် အကျော်ဒေးယျ သာသနိက အဆောက်အအုံများရှေ
့မှောက်တွင် လက်နက်များဖြင့် ပစ်ခတ် ဖမ်းဆီး ပြစ်မှားခဲ့သူများ နှင့်
ကြီးကြပ်ခဲ့သူ အချို့ ကို ယနေ့ လွှတ်တော်တွင် ဗိုလ်မှူးကြီး
ရာထူးအစရှိသည့် စစ်တပ်၏ အမြင့်ပိုင်းရာထူးအချို့ ဖြင့်
စစ်တပ်အမတ်များအဖြစ် တွေ့ ရှိရသည်။ ၄င်းတို့ သည် ပေါ်ထင်စွာမနေ ၀ံ့ကြ၍
လူနှင့် နာမည်တွဲ၍ သိရန် ခဲယဉ်းသော်လည်း ၄င်းတို့ ၏ ထိုကာလက ပုံများက
သက်သေခဲ့လျှက်ရှိသည်။
ယခုအခါ လူမှုအင်တာနက် ကွန်ရက်များတွင် ပုံနှစ်ပုံ ပျံ့ နှံ့ လျှက်ရှိပြီး
ပဌမပုံမှာ ဆူးလေဘုရားရှေ့ တွင် ပစ်ခတ်အမိန့် ပေးနေပာန်
ဝါယာလတ်စက်ကိုင်ထားသော စစ်သားပုံဖြစ်ပြီး နောက်ပုံတွင်မူ ၄င်းစစ်သား သည်
စစ်တပ်အ၀တ်အစားအပြည့်အစုံဖြင့် လွှတ်တော်မှတ်တမ်းတွင်
လက်မှတ်ရေးထိုးနေပုံဖြစ်သည် ။ ၄င်းရာထူးတိုးကြောင်း
ကြယ်တစ်ပွင့်တိုးလာမှုက သက်သေခံသည်။ ၄င်းကဲ့သို့ ပင် နှစ်ဦးစ သုံးဦးစ
ပါကြောင်း စစ်တပ်နှင့် နီးစပ်သု အချို့ ကဆိုသည်။
ဗုဒ္မဘုရားရှင် ဒေသနာတော်အရ ဘုရားကိုသွေးစိမ်းတည်အောင်လုပ်ြ
အမိကိုသတ်ခြင်း ၊ အဖကို သတ်ခြင်း ၊သံဃာသင်းခွဲခြင်းနှင့် သတ်ဖြတ်ခြင်း
အစရှိသည်တို့ သည် ဗုဒ္မဘာသာဝင်တို့ ၏ အန္တိမ နောက်ဆုံးပန်းတိုင်
မဂ်ဖိုလ်နိဗာန်ကို ပင်တားမြစ်နိုင်သော အကြီးလေးဆုံးသော
သာသနာရေးပြစ်မှုဖြစ်သည်။ မဂ်တားဖိုလ်တား ကံငါးပါးပာု အသိများသည်။
မြန်မာပြည်သည် ဗုဒ္မဘာသာကို ပုဂံပြည်အစပိုင်းကပင် ကိုးကွယ်ပြီး
ပုဂံမတိုင်ခင်ကပင် ထွန်းကားခဲ့သော နေရာများလဲ ရှိခဲ့သည်။ ယင်းကိစ္စအတွက်
အများပြည်သူက ဝေဖန်မှုများ ရှိလာမည်မှာ သေချာလျှက်ရှိသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။