ဂျပန် နိုင်ငံရှိ ကုန်တင်ယာဉ်များတွင် အလိုအလျောက် ဘရိတ်စနစ် တပ်ဆင်သွားမည်

Sunday, April 15, 20120 မှတ်ချက်များ


ဂျပန်သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနဟာ အရွယ်အစားကြီးမားတဲ့ ကုန်တင်ကားကြီး တွေမှာ အလိုအလျောက် ဘရိတ်စနစ်တပ်ဆင်ဖို့ ဆုံးဖြတ်ချက်

ချခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ ယာဉ်တိုက်မှုတွေရဲ့ ထက်ဝက်ခန့်ဟာ ကုန်တင်ကားတွေ နောက်ကနေ ၀င်တိုက်တာ ဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်းထားဟာလည်း အဝေးပြေးလမ်းမပေါ်မှာ ၁၂ဆနဲ့ အခြားလမ်းတွေပေါ်မှာ ၉ဆ ပိုမိုများပြားကြောင်း ဂျပန် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလအတွင်းက အဝေးပြေးလမ်းမကြီး တစ်ခုပေါ်မှာ ယာဉ်ကြောပိတ် ဆို့မှုအတွင်း ပိတ်မိနေတဲ့ကားတွေကို ကုန်တင်ယာဉ်တစ်စီးက ၀င်တိုက်ခဲ့တဲ့အတွက် လူ ၃ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့ကြောင့် တန် ၂၀နဲ့အထက်အလေးချိန်ရှိတဲ့ ကုန်တင်ယာဉ်တွေမှာ အလိုအလျောက် ဘရိတ်စနစ် တပ်ဆင်ဖို့ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစနစ်မှာ ယာဉ်မတော်တဆမှု ဖြစ်နိုင်တဲ့ အန္တရာယ်ရှိလာပါက သတိပေးအချက်ပြသံ ထုတ်ပေးမှာဖြစ်ပြီး အဲဒီသတိပေး အချက်ပြသံကို ယာဉ်မောင်း ကမကြားပါက အလိုအလျောက် ဘရိတ်အုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဂျပန်သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနကတော့ အဲဒီစနစ်ဟာ မော်တော်ယာဉ် မတော်တဆမှုကြောင့် သေဆုံးမှုနှုန်းကို ၇၀ရာခိုင်းနှုန်း လျှော့ချပေးနိုင်မှာဖြစ်ကြောင်း အဲဒီစနစ်တွေကို ၂၀၁၄ခုနှစ် ဆောင်းဦးရာသီ ကစတင်ပြီး တပ်ဆင်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားထားတယ်လို့ သိရပါတယ်။


Reference : NHK.com

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger