ထိရောက်စွာအရေးမယူခြင်းစတဲ့တောင်းဆိုချက်တွေနဲ့တကိုယ်တော်ဆန္ဒပြသူ
ဦးစိုးကြွယ်အား သတင်းပေးနှင့်အာဏာပိုင်တို့အမှုစင်ပြီး ၂၃.၄.၂၀၁၂(တနင်္လာနေ့) တွင် တောင်ဒဂုံတရားရုံးမှပုဒ်မ(၃၈၅)နဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပါတယ်။
ဦးစိုးကြွယ်ဟာတရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများ ဆိုတဲ့ခေါင်းစဉ်နဲ့ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းမှာရှိတဲ့မတရားတဲ့အမှုများကိုလိုက်လံ
ဆောင်ရွက်နေသူဖြစ်ပါတယ်။
၁၀.၁.၂၀၁၂မှာတကိုယ်တော်ဆန္ဒပြမှုနဲ့ဆွဲထားတဲ့အမှုအပါအ၀င်၊ တရားလိုအဖြစ် အစစ်ခံဖို့တရားရုံးကိုရောက်လာတဲ့ရဲကိုနောက်ကျလို့ဆိုပြီးပြောလို့ဝတ္တရား နှောက် ယှက်မှုနဲ့လည်းတရားစွဲခံထားရပါတယ်။
အခုအခါ နောက်အမှုအတွက်ခြေကျင်းနဲ့တရားရုံးကိုထပ်မံထွက်နေရကြောင်း
သိရှိရပါတယ်။
Myanmar News Now
ဦးစိုးကြွယ် ဆန္ဒပြတောင်းဆိုခဲ့တဲ့ သတင်းကို အောက်မှာ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာရှိတဲ့ ယာဉ်လိုင်းတွေပြေးဆွဲနေတဲ့
အဓိကလမ်းမကြီးလေးခုဟာ ပျက်စီးယိုယွင်းနေတဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့
မြို့နယ်အုပ်ချုပ်ရေးမှုးထံ ဆန္ဒပြ တောင်းဆိုမှု တခု ဖြစ်ပွားခဲ့ပါတယ်။
အမှတ် ၂၉၂၊ ခွာညိုလမ်း၊ ၁၈/က ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦး ဖြစ်တဲ့ ဦးစိုးကြွယ်က တောင်းဆိုချက် ၅ ချက်နဲ့အတူ ငြိမ်းချမ်းစွာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခွင့်ပြုဖို့ အာဏာပိုင်တွေထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဦးစိုးကြွယ်ရဲ့တောင်းဆိုမှုတွေကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှုးက လက်ခံလိုက်ပြီး ပြင်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်ပေးမယ့် အကြောင်း ပြောဆိုလိုက်တဲ့အတွက် ၂၀၁၁ ဒီဇင်ဘာလအထိ နောက်ဆုံးထား စောင့်ကြည့်မှာဖြစ်ပြီး မဆောင်ရွက်ပေးပါက ထပ်မံ ဆန္ဒပြ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တောင်ဒဂုံ မြို့နယ်အတွင်းမှာ ရှိတဲ့ လမ်းတွေဟာ လမ်းအကျယ်အဝန်းနဲ့ ကားစီးရေ မမျှတတဲ့အပြင် ရှောင်တိမ်းဖို့ မလွယ်ကူတာကြောင့် ခရီးသည်တင်ယာဉ်လိုင်း အချို့အနေနဲ့ လမ်းကြောင်းပြောင်း ပြေးဆွဲနေရတာလဲ ဖြစ်ပါတယ်။
အခုလို လမ်းတွေ ပျက်စီးနေတာတွေကို ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတွေထံ အကြောင်းကြားစာ ပေးပို့သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။