၉/၁၁ တိုက်ခိုက်မှုပြီးနောက် အိုစမာဘင်လာဒင်သည် ကိုးနှစ်အတွင်း နေအိမ်ငါးလုံးသို့ ပြောင်းရွှေ့နေထိုင်ကာ ကလေး လေးယောက်ရခဲ့ကြောင်း သူ၏အငယ်ဆုံးဇနီးက ပြောကြားခဲ့ကြောင်း DMသတင်းဌာနက မတ်လ၃၀ ရက်နေ့တွင် ဖော်ပြသည်။ သူ၏ဇနီး အေမောအာမက် အက်ဘ်ဒယ်ဖာတက်က ရခဲ့သည့်ကလေး လေးယောက်အနက် နှစ်ဦးထက်မနည်းမှာ အစိုးရဆေးရုံများ၌ မွေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ပါကစ္စတန်နိုင်ငံမှ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဘင်လာဒင်နှင့်ပတ်သက်၍ လိုအပ်သော အချက်အလက်များကို အသက်၃၀အရွယ်ရှိ သူ၏ဇနီးအား စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ ဘင်လာဒင်နှင့် ပတ်သက်သော အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။၂၀၀၀ ပြည့်နှစ်- ပဉ္စမမြောက်ဇနီးဖြစ်သော အေမောနှင့်လက်ထပ်ကာ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့အနီးရှိ အယ်လ်ကေးဒါးစခန်း၌ နေထိုင်ခဲ့။ ၂၀၀၁ ခုနှစ်- အေမောက ဆာဖီယာအမည်ရှိ ပထမဆုံးကလေးကို ကန်ဒါဟာမြို့၌ မွေးဖွား။ စက်တင်ဘာလ ၁၁ ရက်နေ့၌ အမေရိကန်ကို တိုက်ခိုက်ပြီးနောက် ဘင်လာဒင်၏ မိသားစုဝင်များ တစ်စစီကွဲကွာသွားခဲ့။ အေမောသည် ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌နေအိမ် အမြောက်အမြားတွင် ပြောင်းရွှေ့နေထိုင်ခဲ့။
၂၀၀၂- အေမောသည် ကရာချိမှ ပက်ရှဝါမြို့သို့ ပြောင်းရွှေ့လာပြီး ခင်ပွန်းဖြစ်သူဘင်လာဒင်နှင့် ပြန်လည်ပေါင်းစည်း။ ယင်းမှနေ၍ ဘင်လာဒင်မိသားစုသည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်ကုန်းထူထပ်သော ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်။၂၀၀၃- ဘင်လာဒင်မိသားစုသည် ဟာရီပါမြို့ကလေးရှိ ငှားရမ်းထားသော နေအိမ်တစ်အိမ်သို့ ရွှေ့ပြောင်းခဲ့ပြီး အေမောက အေစီယာအမည်ရှိ မိန်းကလေးတစ်ဦးကို အစိုးရဆေးရုံ၌ မွေးဖွား။၂၀၀၄ - အီဘရာဟင်အမည်ရှိ သူတို့စုံတွဲ၏ တတိယမြောက်ကလေးကို အစိုးရဆေးရုံ၌ပင် မွေးဖွား။၂၀၀၅- ဘင်လာဒင်မိသားစုသည် အဘိုတာဘက်မြို့သို့ရွှေ့ပြောင်း။ ယင်းနှစ် အောက်တိုဘာလ ၈ရက်နေ့တွင် ပါကစ္စတန်အနောက်မြောက်ပိုင်း၌ ငလျင်ကြီးလှုပ်ပြီး လူပေါင်း၇၃,၀၀၀သေဆုံးခဲ့ရာ အမေရိကန်၏ ချီနွတ်ရဟတ်ယာဉ်များ အဘိုတာဘတ်မြို့ရှိ ဘင်လာဒင်၏ နေအိမ်ပေါ်မှပင် ဖြတ်ကျော်ပျံသန်းခဲ့။၂၀၀၆ - အေမောက ဇိုင်နက်အမည်ရှိ မိန်းကလေးတစ်ဦးကို မွေးဖွား။၂၀၀၈- ဟူစိန်အမည်ရှိ ယောကျာ်းလေးတစ်ဦးကို မွေးဖွား။၂၀၁၁ - အမေရိကန်အထူး တပ်ဖွဲ့ကမေလ၂ရက်နေ့တွင် ဘင်လာဒင်ကို သတ်ဖြတ်ပြီး အေမောနှင့် အခြား ဘင်လာဒင်၏ ဇနီးနှစ်ဦးကို ဖမ်းဆီးထားခဲ့။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။