သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေတို့အား ပုဂ္ဂလိကလက်သို့ရောင်းချခြင်း

Sunday, April 29, 20120 မှတ်ချက်များ

ကချင်ပြည်နယ် ဖားကန့် မြို့ နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဝှေဆိုင်းရပ်ကွက်(၇)
သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေနေရာကို ဝှေဆိုင်းရပ်ကွက်မှူး ဦးသန်းညွှန့် ၊
ဦးမောင်တာ နှင့် ရပ်ကွက်စာရေး တို့ သုံးဦးမှ ရပ်မိရပ်ဖ များအား အသိမပေးဘဲ
ရောင်းစားထားကြကြောင်းသိရပါသည်။

သုဿာန်မြေကို မိုးကောင်းမြို့ နယ် မင်းကုန်းကျေးရွာမှ ဦးအိုက်မောင်အား
တန်ဖိုးငွေ ၇၅ သိန်းဖြင့် ၂ဝ၁၂ ဇန်နဝါရီလတွင် ရောင်းချခဲ့ပြီး၊ ရပ်ကွက်ရုံးမြေကို
ဝှေဆိုင်းရပ်ကွက်(၇)နေ ဦးသန်းထွန်းအောင်အား တန်ဖိုးငွေ သိန်း၎ဝ ဖြင့် ၂ဝ၁၂ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်လည်းကောင်း အသီးသီး ရောင်းချ
သွားပြီးဖြစ်ပါသည်။

ထိုအရောင်းအဝယ်ပြုမှုကိစ္စကို ဟောင်ပါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းအား
ဖြေရှင်း ပေးရန် အတန်တန်ပြောဆို တိုင်တန်းကြသော်လည်း ထိရောက်သောဖြေရှင်းမှု
ပြုလုပ်ပေးခြင်း မရှိခဲ့ပါ။

သို့ ပါ၍ ၂.၄.၂ဝ၁၂ နေ့တွင် ဖားကန့် မြို့ နယ် အုပ်ချုပ်ရေးမှူး ၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး
နှင့်ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ ထံသို့ဖြေရှင်းနိုင်ရန် ဟောင်ပါး ကျေးရွာအုပ်စု
ဝှေဆိုင်းရပ်ကွက်(၇)မှ ဒေါက်တာမောင်မောင်မြင့်နှင့် ဦးထွန်းအောင်တို့ မှ
အကြောင်းကြားထားကြကြောင်းသိရပါသည်။

Myanmar News Now




Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger