ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် သဘောသဘာဝရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ရှိသည်ဆိုသော သတင်းများထွက်ပေါ် နေခြင်းမှာ မှန်ကန်ပါသလား ဆိုသော The Voice Weekly ၏ မေးမြန်းချက်အပေါ် ယင်းသို့ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။
ဒါအပြင် စီးပွားရေး ဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ဂျွန်လ ၁ရက်နေ့မှ စတင်၍ ပေးအပ် သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာနရုံးတွင် ယနေ့ ၁နာရီ၌ ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ဗီဇာသည် မြန်မာပြည်တွင် နေထိုင်ခွင့် ရက် ၇၀ ရရှိမည် ဖြစ်ပြီး ဒေါ်လာ ၄၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ထုတ်ပေးရန် ခရီးသွားလုပ်ငန်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး အာဆီယံ နိုင်ငံ အားလုံး ကို ဗီဇာ အမျိုးစား အားလုံးအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးရန် အစီအစဉ် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
The Voice Weekly
ပြည်ထောင်စု ၀န်ကြီး ၅ ဦး အနားပေး လိုက်ပြီလို့ သတင်းထွက်ပေါ်နေတဲ့ ၀န်ကြီးများကတော့ အောက်ပါ ၀န်ကြီးများပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပါတ်သတ်လို့  Myanmar News Now မှ သီးခြားအတည်ပြုချက်မရ ရှိသေးပါ။
မနှစ်က တရုတ်ပြည် ရှန်ဟိုင်းရောက် ဗိုလ်ကျော်ဆန်း
 |
၁။ ဦးကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး) |
 |
၂။ ဦးတင့်ဆန်း (မြန်မာ့ဟော်တယ်နှင့်ခရီးသွားလာရေး နှင့် အားကစားဝန်ကြီး) |
ယခုနှစ် ၆လပိုင်းက တရုတ်ပြည်ရောက် ဧရာဝတီ လျှပ်စစ်ပရော်ဖက်ဆာ ဦးဇော်မင်း
 |
၃။ ဦးဇော်မင်း (အမှတ် ၁လျှပ်စစ်ဝန်ကြီး) |
 |
၎။ ဦးဝင်းမြင့် (စီးပွားကူးသန်း ဝန်ကြီး) |
၅။ ဦးကျော်စွာခိုင် .. (အမှတ် (၁) စက်မှုဝန်ကြီး)
တို့အား ပြည်ထောင်စု ၀န်ကြီးများ ဘ၀မှ အနားပေး လိုက်ပြီ ဖြစ်ပါကြောင်း သမ္မတရုံးမှ လာသည့် သတင်းများအရ သိရပါ သည်။
သတင်း --- ဒီမိုဝေယံ
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။