လှိုင်သာယာ စက်မှုဇုန်ရှိ ဖော့ဗူး စက်ရုံမီးလောင် သိန်း ၁၈၀၀ ခန့်ဆုံးရှုံး

Thursday, April 12, 20120 မှတ်ချက်များ



ဧပြီ ၁၂ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI )

လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် YC ဖော့ဗူး စက်ရုံ ယနေ့မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး ၃ နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတရုံလုံးပျက်စီးသွားကာ ကား ၂စီးလည်း မီးလောင်သည့်အထဲ ပါသွားခဲ့သည်။ တစီးမှာ မတ်တူး ခဲရောင်ဖြစ်၍ အခြားတစီးမှာ အင်ဂျင်ဖြုတ်ချထားသည့် ပစ်ကပ်ကား ဖြစ်သည်။

မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် တန်ဖိုးမှာ သိန်း ၁၈၀၀ ခန့် ရှိသည်ဟု ရဲစခန်းမှ ခန့်မှန်းပြောဆိုချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ၄ ဦးကို ရဲစခန်းမှ ခေါ်ယူစစ်ဆေးမေးမြန်းလျှက်ရှိရာတွင် တဦးသာလျှင် ဗီဇာရှိပြီး ကျန် ၃ ဦးမှာ တရားဝင်နေထိုင်ခွင့် ဗီဇာမရှိဟုလည်း သိရသည်။

ယခုစက်ရုံတွင် လုပ်သား ၅၀ ဦးဝန်းကျင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟုလည်း သိရှိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက် ဟေမ၀န်ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းအားလုံး နီးပါး လောင်ကျွမ်းခဲ့သည်။ ။
Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger