လက်တွန်းလှည်းသုံးရသည့် စင်္ကာပူအမျိုးသမီး ကလေးမှောင်ခိုကူးမှုနဲ့ တရားစွဲခံရ

Saturday, April 28, 20120 မှတ်ချက်များ


စင်္ကာပူနိုင်ငံတွင် လက်တွန်းလှည်းဖြင့် သွားလာလှုပ်ရှားရနေရသော အသက်(၃၆)နှစ်အရွယ် စင်္ကာပူအမျိုးသမီးတစ်ဦးဟာ (၂၂)ရက်သားအရွယ် ကလေးငယ်ကို အမြတ်ထုတ်ဖို့ရည်ရွယ်ချက်နဲ့ မှောင်ခိုကူးဖို့ ကြိုးစားခဲ့တယ်ဆိုသော စွပ်စွဲခံရပြီး တရားစွဲခြင်း ခံထားရတယ်လို့ သိရပါတယ် ။

သူမက Bukit Tinggi မှာ ရှိတဲ့ Jaya Jusco Shopping Mall က tarbucks Coffee ဆိုင် အပြင်ဘက်မှာ ဧပြီ(၆)ရက်နေ့ နံနက် (၁၁)နာရီခွဲလောက်က ကလေးငယ်ကို လူမှောင်ခိုကုန်ကူးခဲ့တယ်လို့ Bernama သတင်းတွင် အင်္ဂါနေ့က ဖော်ပြခဲ့ကြောင်း သိရသည် ။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိပါက အမြင့်ဆုံးထောင်ဒဏ် အနှစ်(၂၀)ကျခံရနိုင်ပြီး ငွေဒဏ်ကိုတော့ ပြစ်မှုကျူးလွန်သည့် အတိုင်းအတာအလျောက် ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger