အလွန်တရာဆိုးဝါးလှတဲ့ ဟာရီကိန်းမုန်တိုင်းကြီး Hannah က ဒီအဖြူရောင်ကျားလေး နှစ်ကောင် ကိုသူတို့အမေနဲ့ခွဲပစ်လိုက်ပါတယ် ။ Anjana ဟာကယ်ဆယ်ရေးစခန်းကိုရောက်ရှိလာပါတယ် ။ Anjana ဆိုတာကတော့ တောင်ကယ်လီဖိုးနီးယားမှာရှိတဲ့ ကျားမျိုးဆက်ကယ်ဆယ်ရေးစခန်းကို ရောက် ရှိလာတဲ့ မျောက်ဝံမကြီးတစ်ကောင် ဖြစ်ပါတယ် ။ သူမဟာ အံ့သြဖွယ်ရာမိခင်တစ်ဦး ဖြစ်ပြီး ကယ်ဆယ်ရေးစခန်းနဲ့လည်း ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ် ။ ဒါ့အပြင် အလုပ်တော်တော်များများကို လည်းကူလုပ်ပေးနိုင်ပါတယ် ။ ဥပမာ နို့ဗူးတိုက်ကျွေးခြင်းလိုမျိုး ဖြစ်ပါတယ် ။ မုန်တိုင်း ကြောင့် ကွဲကွာပြီးရောက်ရှိလာတဲ့ကျားဖြူလေးကိုလည်းသူမကပဲတာဝန်ယူပြီးထိန်းကျောင်း ပေး ရ ပါတယ် ။
ဒါပေမယ့် ဒီနေရာမှာ အံ့သြဖွယ်ရာကောင်းတဲ့အချက်ကတော့ Anjana ဟာ အချိန်တိုင်း အကူအညီ ဖြစ်စေမယ့်နည်းလမ်းတွေနဲ့ အလုပ်လုပ်နေခြင်းပဲ ဖြစ်ပါတယ် ။ Anjana ရဲ့ မျက်ဝန်းထဲက ချစ်စရာ ကောင်းတဲ့ အချက်ကတော့ဘယ်အချိန်ကြည့်ကြည့် ဘာမျော်လင့်ချက်မှမရှိပဲ အကူအညီပေး နိုင်ခြင်းပဲဖြစ်ပြီး မေတ္တာဓါတ်တွေအပြည့်နဲ့ မျက်ဝန်းအစုံကို အချိန်တိုင်းတွေ့ မြင်နိုင်ပါတယ် ။




မူရင်း-သက်တန့်ချို -မှမျှဝေခံစားသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။