ဗဟန်းမြို့နယ်တွင် မဏ္ဍပ်ကို ကားတစ်စီးက၀င်တိုက် (ဖြစ်ရပ်မှန်)

Thursday, April 12, 20120 မှတ်ချက်များ

ယနေ့ ၁၂ရက်နေ့၊ ဧပြီလ၊ ၂၀၁၂ပေါ့ဗာ။ ကျွန်တော်က တာမွေမှာနေတာပါ။ ကျွန်တော် ၃နာရီထိုးတော့ သူငယ်ချင်းတွေက ရေဆော့ဖို့ခေါ်လာတယ်။ ကျွန်တော့်အဖို့တော့ ထီးလေးတစ်ချောင်းနဲ့စိုမှာဆိုးလို့အုပ်ထားတာ။ ကျွန်တော်ကတော့စိုတာပဲလေ။ ကျွန်တော့်ညီလေးကိုစိတ်ပူလို့ ကားလမ်းပေါ်ထိမပက်ဖို့အကြိမ်ကြိမ်ပြောပေမယ့် နားမထောင်ပါဘူး။။။

၃နာရီ ၁၅မိနစ်မှာ ...အသံတစ်ခုကြားလိုက်သလို၊ မျက်စိထဲမှာ ကားတစ်စီးက မဏ္ဍပ်အသေးစားကိုရှောင်ပြီးကွေ့ရင်းဝင်တိုက်ပါတယ်။ အသံကလည်းအကျယ်ကြီးကြားရတာ (တာယာပေါက်သောအသံနှင့်တူသလို...ဘရိတ်အရမ်းအုပ်မိသောအသံဖြင့်တူပါသှ်။) တိုက်တာက ကလေးတွေများနေတယ်။ လူကြီးကသိပ်မရှိဘူး။ ခန့်မှန်းကြည့်ရသလောက်တော့ ၁၅ယောက်နီးပါးပေါ့။ ကံကောင်းချင်တော့ တစ်ယောက်မှမသေဘဲ ကလေးတွေခေါင်းပေါက်ဒဏ်ရာဖြစ်တာကိုအဖေက သွားကြည့်တော့ ကျွန်တော်သိရတယ်။ အဲ့ကားထဲမှာ လူက တစ်ယောက်ပဲ(driver တစ်ဦးပါ) ပါပါတယ်။ သူက အရက်မူးတယ်လို့သိထားရပါတယ်။ ကလေးတွေခေါင်းပေါက်သွားပေမယ့် တစ်ယောက်မှမသေခဲ့ပါဘူး(အဲ့ကရေပုံးအကြီးကြီးခံနေလို့မသေခဲ့ရတာပါ။)အဲ့မှာ ကျွန်တော့်ညီနဲ့သူ့ဘေးက သူငယ်ချင်းတွေအားလုံးနောက်ဆုတ်သွားတယ်လေ (ပလက်ဖောင်းပေါ်မှာပဲပက်တာပေါ့) ။ကျွန်တော်က ကံကောင်းချင်တော့ camera ပါလာတယ်။ ဒါပေမယ့် ဗဟန်းထဲသွားပြီးတော့မရိုက်ရဲဘူး။ ရိုက်တာ ၇ပုံမှာ ကောင်းကောင်းမမြင်ရလို့ ၃ပုံပဲရခဲ့ပါတယ်။ ရဲမလာမီ ၅မိနစ်အလိုမှာရိုက်ပြီး camera ကို ကျွန်တော်ကသိမ်းလိုက်ပါတယ်။ ပြီးတော့ ကိုယ်မသိသလိုခပ်တည်တည်ပဲ။ အဲ့..ဒါနဲ့ဗျာ။ မေ့တော့မလို့..ကားနံပါတ်က ၈င/***** ပေါ့။ ကားနံပါတ်ကလည်း အဖြူရောင်နဲ့နဂိုကတည်းကအုပ်ထားတာ။ နံပါတ်ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ပြီးတော့ ရေပက်ခံထွက်ရင်းအဲ့အမှုပါကြည့်ခဲ့တာပါ။ ၄နာရီ၃၀ရောက်တော့အဲ့လမ်းရောက်သေးတယ်။ အမှုကလည်းစစ်လို့မပြီးသေးပါဘူး။ ကားကလည်း အကုန်ပဲ့သွားတယ်။ ဘယ်လိုဆက်ဖြစ်သွားလဲဆိုတာကိုသိချင်ရင်..မနက်ဖြန်သတင်းစာထဲရောက်လာလိမ့်မယ်။

အဲ့ဒါတွေကအပျော်များတဲ့လူတွေလည်းဒဏ်ရာရတဲ့အပြင်..မိဘတွေနဲ့အတိုင်ခံရပြီး..အရော်တလောတွေတောင်ဖြစ်လာ ဦးမှာပါ။ ပြီးတော့လည်း ကားလည်းပျက်တယ်အပြင်...အန္တရာယ်လည်းများပါတယ်။ အရက်ဆိုတဲ့ကောင်းတဲ့အမျိုးမဟုတ်ဖူးဗျ။ ကွန်မကောင်းလို့ တခြားဆိုဒ်ကနေပဲ upload လုပ်တော့မယ်ဗျာ။ ဒီလိုမျိုးလည်းနှစ်သစ်သင်္ကြန်ကိုဟောင်းနွမ်းစေတယ်ဗျာ။။။














သူငယ်ချင်းတို့သာ share ရင် ကျွန်တော်ကျေးဇူးတင်ပါမယ်ဗျာ။။။ဘာဆက်ဖြစ်လဲဆိုတာကိုသိချင်ရင် နက်ဖြန်ကြေးမုံမှာပါလာလိမ့်မယ်နော်။။ တရားသွားထိုင်ဦးမယ်။။ဘိုင်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger