ဖုန်းနှင့်အင်တာနက်သုံးစွဲခ မိနစ်အလိုက် ကောက်ခံသည့်ပုံစံ ဆက်လက်ကျင့်သုံးဖွယ်ရှိ

Sunday, December 23, 20120 မှတ်ချက်များ

http://pyae-phyo.blogspot.com
မိုဘိုင်းအင်တာနက် အသုံးပြုခ ကောက်ခံသည့်ပုံစံကို အသုံး ပြုသည့် အချက်အလက်ပမာဏ အလိုက် သတ်မှတ်မည့် Data Volume              စနစ်ကို အသုံးပြုရန် အတည်မပြုရသေးကြောင်းနှင့် မိနစ်အလိုက် ကောက်ခံသည့် စနစ်ကိုဆက်လက်ကျင့်သုံးသွားနိုင်ဖွယ်ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ်က ပြောသည်။
“ဒေတာစနစ်ကို ဘယ်လိုနှုန်းထားနဲ့ ကောက်ရင်အဆင်ပြေနိုင်မလဲဆိုတာ စမ်းသပ်နေကြတုန်းပဲ။  အသုံးပြုသူတွေကလည်း တစ်ခုခု အပြောင်းအလဲကို မကြိုက်ရင် ကန့်ကွက်မယ်ဆိုတာတွေချည်းဖြစ်နေတော့  အများပြည်သူ အကြိုက်ဖြစ်တဲ့ လက်ရှိ ကောက်ခံနေတဲ့ မိနစ်အလိုက် ဖြတ်တောက်တဲ့စနစ်ကိုပဲ ဆက်လက်အသုံးပြုရင်လည်း ပြုသွားမှာပါ။ အများအကြိုက်တော့ လိုက်ရမှာပေါ့” ဟု အဆိုပါ မိုဘိုင်းအင်ဂျင်နီယာချုပ်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုခများကို Data Volume ဟူသည့် အသုံးပြုသည့် အချက်အလက် ပမာဏအလိုက်၊ download ပြုလုပ်သည့် ပမာဏအလိုက် နှုန်းထားများ သတ်မှတ်ကောက်ခံမည်ဟူ၍ ပြီးခဲ့သည့်
နိုဝင်ဘာလအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် မိုဘိုင်းအင်တာနက် အသုံးပြုသူအများစုက ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသဖြင့် ၎င်းတို့ ပြောင်းလဲမည့်စနစ်ကို ရှေ့ဆက်လုပ်ဆောင်သင့်၊ မသင့် စဉ်းစားဆုံးဖြတ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြောင်းလဲလိုသည့် မိုဘိုင်းအင်တာနက် အသုံးပြုခ ကောက်ခံမည့် အစီအစဉ်ကို အဓိကကန့်ကွက်ကြသူများတွင် မိုဘိုင်းဖုန်းပေါ်မှ အင်တာနက်စနစ် ချိတ်ဆက်ပြီး လုပ်ငန်းဆောင်ရွက်မှုများပြုလုပ်နေရသော ၀န်ထမ်းများ၊ ကျောင်းသားများနှင့် လုပ်ငန်းရှင်များက အများဆုံးဖြစ်ကြသည်ဟု အဆိုပါအသုံးပြုသူများထံမှ စုံစမ်းသိရှိရသည်။
ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်မူ ၎င်းတို့ယတိပြတ်ဆုံးဖြတ်ခဲ့ပြီး ကြေညာချက်လည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဒေတာစနစ်ဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုခများကို ကောက်ခံမည့်စနစ်ကို မူလစီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သင့်သည်၊ မသင့်သည် ဆိုခြင်းနှင့်ပတ်သက်သော တစ်ဦးနှင့်တစ်ဦး မတူညီကြသည့် သဘောထားကွဲလွဲမှု ဆွေးနွေးခြင်းများကို အပြင်းအထန်ပြုလုပ်နေရသည်” ဟု ယင်းလုပ်ငန်းနှင့်နီးစပ်သည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းနယ်ပယ်မှလာသော သတင်းများအရ သိရသည်။
ယခုလက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးက ကောက်ခံနေသည့် မိုဘိုင်းအင်တာနက် အသုံးပြုခများမှာ ဂျီအက်စ်အမ်နှင့် ဒဗလျူ စီဒီအမ်အေ မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် နှစ်ကျပ်နှင့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းများအတွက် တစ်မိနစ်လျှင် လေးကျပ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ဦးရေသည် လက်ရှိအချိန်တွင် လေးသိန်းကျော်ရှိပြီ ဖြစ်သည်။

credit : 7newsjournal.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger