ယ္ခုတင်လိုသော အကြောင်းရာလေးတစ်ရပ်ကတော့ ကျွန်တော်တို့ သတင်းတစ်ရပ်အနေနဲ့တော့ မဟုတ်ပေမယ့်... ပြည်သူ့အကျိုးပြုလုပ်ငန်း ပရဟိတလုပ်ငန်းတစ်ရပ်ဆိုရင် မမှားနိုင်ပါဘူးနော်
ဒါကြောင့် ပြည်သူ့အကျိုးကို လိုလိုလားလားနဲ့ လုပ်ကိုင်ဆောင်ရွက်နေသော ဦးကျော်သူ နှင့်အတူ
အကျိုးပြုလုပ်ငန်းတွေကို အဖွဲ့စည်းလေးတွေအနေနဲ့ ဆောင်ရွက်ကြတဲ့ လုပ်ငန်းစဉ်အခြေနေကို
ကျွန်တော်တို့ စီစဉ်ချမှတ်ထားသလောက်... ခုလိုတင်ပြပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းအားတခဲနက်
အားပေးသူများ လိုလားတောင့်တကြသူများအတွက် သိစေရန်အလို့ငှါ တင်ပြလိုက်ပါတယ် ။ ။
ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ(နာရေးကူညီမှုအသင်းရုံးချုပ်-ရန်ကုန်) သည်.. နာရေးကူ
ညီမှုအသင်းအဖွဲ့ငယ် ရန်ပုံငွေအင်အားနည်းပါးနေသော မြို့နယ်များကို အများပြည်သူအတွက်
ကောင်းကျိုးပြုသူများ၏ လိုအပ်ချက်များ လမ်းညွှန်ချက်များကို ချမှတ်လျှက်ရှိနေပါပြီ။
မြန်မာနိုင်ငံ၏ အစွန်ဆုံးသမိုင်းဝင် နာမည်ကြီးဖြစ်သော ဟိုင်းကြီးကျွန်း-အပုတောမြို့နယ်-ဧရာဝတီ
တိုင်းဒေသကြီးတွင် ဖွဲ့စည်းတည်ထောင်သော စာနာမှုမိတ်ဆွေများ နာရေးကူညီမှု အသင်းအဖွဲ့ရဲ့
လိုအပ်ချက်ဖြစ်သော နာရေးကူညီမှု မော်တော်ယဉ် အတွက်မတည်ရင်းနှီးငွေအား ဦးကျော်သူထံသို့
ထည့်သွင်းပါဝင်ပေးကြပါရန် အမှတ် (၃) ရပ်ကွက်ရှိ တာဝန်ရှိသူအများမှ တောင်းဆိုချက်ကို....
ဦးကျော်သူမှ လက်ခံတွေ့ဆုံကာ ဆွေးနွေးပေးလျှက်ရှိပါသည် ။
ထိုသို့ လက်ခံတွေ့ဆုံ ဆွေးနွေးနေစဉ် ဟိုင်းကြီးကျွန်းမှ မြို့မိ မြို့ဖများ အား ဖုန်းဆက်ကာ
အကြောင်းကြားခဲ့ပါသည်... မြို့သူမြို့သားအားလုံး ၀မ်းသာပီတိဖြစ်လျှက် ဦးကျော်သူအား ....
ကောင်းချီးပေး ဂုဏ်ပြု ဆုတောင်းကြကြောင်း သိရပါသည်.... ဦးကျော်သူသည် နာရေးကူညီမှု
အတွက်သာမက ပြည်သူ့အကျိုးပြု လုပ်ငန်းများအား ဆောင်ရွက်နေသော လူငယ်အဖွဲ့စည်းများ
ပြည်သူ့အတွက် အစဉ်အမြဲ လေးစားဂုဏ်ယူဖွယ် ဂရုဏာရှင်ကြီးတစ်ဦးအဖြစ်ရပ်တည်နေကြောင်း
လေးစားထိုက်ဖွယ်ရာ ယ္ခုလိုတင်ပြလိုက်ရပါသည်....
နောင်အခါများဝယ် ဦးကျော်သူကဲ့သို့ ဂရုဏာရှင် သူတော်လူကောင်းအများအပြားပေါ်ထွက်
လာစေရန်အလို့ငှါ... သည်နေရာ သည်ပရဟိတ လုပ်ငန်းစဉ်လေးအား အကြောင်းပြုလို့....
တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း.... အနာဂါတ်မျိုးဆက်သစ် လူရွယ်တို့..................
အထက်အကြောင်းအရာပါနှင့်ပါတ်သက်လို့ အစစအရာရာ တာဝန်ယူပါကြောင်း
အဖွဲ့ဝင်ဖြစ်သူ ဦးညွန့်ဝင်းမှ ပြောကြားခဲ့ပါသည်။
စာနာမှုမိတ်ဆွေများ-နာရေးကူညီမှုအသင်း အမှတ်တရ ဓါတ်ပုံ
လုပ်းငန်းစဉ်များအားရှင်းလင်းကာ ဆွေးနွေးနေကြစဉ်
ယ္ခုတင်ပြသော ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့်ပါတ်သက်လို့ မိတ်ဆွေများ သိလိုပါက-မေးမြန်းဆက်သွယ်လိုပါက- ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း.....
အကျိုးဆောင်မျှဝေသူ
ဝဿန်
အကြောင်းရာမျှဝေတင်ပြသူ
ယ္ခုတင်ပြသော ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့်ပါတ်သက်လို့ မိတ်ဆွေများ သိလိုပါက-မေးမြန်းဆက်သွယ်လိုပါက- ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း.....
ဆယ်သွယ်ရန် ( ၁ ) .................
အမှတ် ၃ ရပ်ကွက်။ဟိုင်းကြိးကျွန်းမြို့နယ်ခွဲ
ဧရာဝတီတိုင်းဒေသကြိး
ဆက်သွယ်ရန် ( ၂ ) ..................
ဦးဘရည်
၁၂၅/အေ
အောင်သစ်စာလမ်း၊ထန်းပင်ကုန်းရပ်ကွက်၊
အင်းစိန်၊ရန်ကုန်တိုင်းဒေသသကြီး
ဖုန်း -- ၀၉ ၅၀၃၁၆၂၂
ဆက်သွယ်ရန် ( ၃ ) ................
တိုက် (၂၇)အခန်း ၂၀၃။ ( ၂ ) လမ်း
ဘီဘလောက်၊
ယုဇနဥယျာဉ်မြို့တော်
ရန်ကုန်တိုင်းဒေသကြီး
ဖုန်း--
၀၁ ၅၉၃၀၅၆,၀၉ ၇၃၀၇၉၀၂၃
မိမိတို့ရဲ့ အတွေးစိတ် အကြံစည်များနဲ့အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်အတွက်..
ဆန္ဒလေးများကို ပါဝင် ရေးသားကြစေလိုပါသည်...။
အကျိုးဆောင်မျှဝေသူ
ဝဿန်
အကြောင်းရာမျှဝေတင်ပြသူ
အောင်အောင်(မကစ)
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။