နာမည်ကျော်Heineken Beer မြန်မာဘရူဝါရီ လီမိတက် နှင့် ပြန်လည်ချိတ်ဆက်

Sunday, September 9, 20121မှတ်ချက်များ

www.pyae-phyo.blogspot.com
မြန်မာဘရူဝါရီ စက်ရုံကိုတွေ့ရစဉ်
နယ်သာလန်နိုင်ငံ အခြေစိုက် နာမည်ကျော် Heineken ဘီယာသည် မြန်မာကုမ္ပဏီ မြန်မာဘရူဝါရီ လီမိတက်နှင့် ပြန်လည်ချိတ်ဆက်ပြီး မြန်မာဈေးကွက် အတွင်းဝင် ရောက်ရန်ပြင်ဆင်နေကြောင်း မြန်မာ ဘရူဝါရီ လီမိတက်နှင့် နီးစပ်သည့် စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
“Tiger တို့လိုမျိုးHeineken ဘီယာက မြန်မာဘီယာဈေးကွက်ထဲ ကိုဝင်လာဖို့ ပြင်ဆင်နေပါတယ်”ဟု မြန်မာဘရူဝါရီလီမိတက်နှင့် နီးစပ်သူတစ်ဦးက ပြောကြားပါသည်။
မြန်မာဘရူဝါရီလီ မိတက်ကို စင်ကာပူ အခြေစိုက် Fraser & Neave Ltd နှင့် မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်တို့က ၁၉၉၅ ခုနှစ် မတ်လတွင် အကျိုးတူပူးပေါင်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Double Strong ဘီယာ၊ မြန်မာဘီယာ၊ ABC Stout ဘီယာ၊ Baron's Strong Brew ဘီယာ၊ Andaman Gold ဘီယာ၊ Baron's Strong Brew ဘီယာတို့ကို မြန်မာနိုင်ငံတစ်ဝန်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိပါသည်။
Asia Pacific Breweries ကို Heineken International နှင့် Fraser and Neave ကုမ္ပဏီတို့က အဓိက ပိုင်ဆိုင်ပြီး လက်ရှိအချိန်တွင် Heineken က Fraser and Neave ၏ အစုရှယ်ယာများကို ၀ယ်ယူရန် သဘောတူညီမှု ရရှိထားသည်။
မြန်မာဘရူဝါရီ လီမိတက်သည် မြန်မာနိုင်ငံ ဘီယာဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက်နှင့် Fraser & Neave Ltd တို့အကြား ရှယ်ယာပိုင် ဆိုင်မှုအနေအထားတို့ကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း စတင်တည်ထောင်ချိန်တွင် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိ ကြောင်း သိရပါသည်။
ထို့အတူ မြန်မာအဖျော်ယမကာ ကုမ္ပဏီအချို့ကလည်း နိုင်ငံခြားဘီယာ ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန် ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရပါသည်။
Heineken ဘီယာသည် ယခင် အစိုးရလက်ထက် ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးချိန်တွင် မြန်မာ ဘရူဝါရီလီမိတက်နှင့် ချိတ်ဆက်ဝင်ရောက်ခဲ့ဖူးပြီး ၁၉၉၆ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကြောင့် ပြန်လည်ထွက်ခွာခဲ့ပါသည်။ လက်ရှိ မြန်မာဘီယာဈေးကွက် အတွင်း အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လာသည့် အခြားဘီယာ အမှတ်တံဆိပ်များနည်းတူ Heineken ဘီယာ သံဘူးများလည်း ဈေးကွက်ဝေစု အချို့ ရရှိထားပါသည်။

credit -news-eleven.com
Share this article :

+ မှတ်ချက်များ + 1 မှတ်ချက်များ

September 16, 2012 at 2:45 PM

ကောင်းတာပေါ့ beer company များများဝင်ပါစေလို့ဆုတောင်းပါတယ်

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger