မြဝတီမြို့တွင် ဇနီမောင်နှံနှစ်ယောက်အား ထော်လာဂျီနဲ့ အတိုက်ခံရသဖြင့် ဇနီးသေဆုံး

Monday, September 17, 20120 မှတ်ချက်များ


မဝတီမြို့ မဲထော်သလေးလမ်းဘောက်
၌ စက်တက်ဘာ (၁၆)ရက်နေ့က
ညနေ(၇)နာရီခွဲတွင်စိုက်ပျိုးရေးခြံမှ
 ပြန်လာသောဇနီးမောင်နှံနှစ်ယောက်

ကို ထော်လာဂျီနှင့်တိုက်မိသောကြောင့် ဇနီးသည်မှာ
ယင်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထော်လာဂျီနှင့် အတိုက်ခံရသော ဇနီးမောင်နှံနှစ်ယောက်ကို မြဝတီဆေးရုံ
ကိုရောက်အောင် ပါဝင်ကူညီလုပ်ဆောင်ပေးသော မြဝတီမြို့ စေနာ နာရေး
ကူညီမှုအသင်း ဥက္ကဌ ဦးလှထွန်းက ထော်လာဂျီနဲ့ ဘယ်လိုမျိုးအတိုက်ခံ
ရတာကို ပြောပြသွားပါတယ်။

" သူ့တို့ ဇနီးမောင်နှံနှစ်ယောက်က စိုက်ခင်းမှ ဆိုက်ကယ်နဲ့ ပြန်လာတာပါ။ အဲဒီအချိန်မှာ နောက်ကနေပြီးတော့ ထော်လာဂျီက ဝင်တိုက်တဲ့အတွက်
အမျိုးသမီးမှာ ယင်းနေရာမှာပင် သေးဆုံးသွားပါတယ်။

အမျိုးသားကတော့ အခုမြဝတီဆေးရုံကို ပို့ထားပါတယ်။ သေဆုံးသွားတဲ့ အမျိုသမီးက ထော်လာဂျီအောက်မှာပါသွားပါတယ်။

လက်ကိုပွတ်တိုက်ပြီး သေဆုံးသွားပါတယ်။ အခု မြဝတီဆေးရုံ ရေခဲတိုက်ထဲမှာ
 ထားပါတယ်။ အမျိုးသားမှာတော့ လက်၊ ခြေထောက်နဲ့ ခေါင်းမှာနည်းနည်း
ထိသွားပါတယ်။



အခြေအနေကတော့ ကောင်းပါတယ်။ နာမည်ကိုတော အတိအကျမ
သိရသေးဘူးဗျ။" ဟု ပြောသွားသည်။

အမည်မသိရတဲ့ ထော်လာဂျီတိုက်ခံရ ဇနီးမောင်နှံနှစ်ယောက်မှာ မြဝတီမြို့
အမှတ်(၄) ရပ်ကွက်မှ ဖြစ်ပြီး နှစ်ယောက်လုံးက အသက်(၄၀)ကျော်ဖြစ်ကြောင်း
 ဦးလှထွန်းပြောပြချက်အရ သိရသည်။

ထော်လာဂျီနဲ့တိုက်သွားတဲ့ တရားခံကို ဘယ်လိုမျိုးအမှုစီရင်နေတာကိုသိလို၍
 မြဝတီမြို့ ရဲစခန်းနှင့် ယာဉ်ထိန်းမှူးကို ဆက်သွယ်သော် အဆက်
အသွယ်မရဖြစ်နေပါတယ်။

Arakan Times သတင်းဌာန
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger