ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုပြဿနာများမှာ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားနေ

Saturday, September 15, 20120 မှတ်ချက်များ

http://www.pyae-phyo.blogspot.com/
ကျပ် ၅၀၀၀ တန်ငွေစက္ကူအတု ပြသနာများမှာ နယ်စပ်ဒေသများတွင်သာ အများဆုံးဖြစ်ပွားနေပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနည်းပါး နေသော်လည်း ငွေတုများ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက လက်ရှိညွှန်ကြားထားသည့် လုပ်ထုံးလုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။
“ငွေစက္ကူအတုတွေ အများဆုံး တွေ့နေတာက ထိုင်းနယ်စပ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ငွေစက္ကူ အတုတွေ တွေ့လာခဲ့ရင် ရဲစခန်းကို အကြောင်းကြားဖို့၊ စီအိုင်ဒီကို ပို့ပြီးစစ်ဆေးဖို့ လုပ်ထုံးလုပ်နည်း အရ ညွှန်ကြားထားတာတွေ ရှိ ပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ကလည်း တော်တော်ကွာခြားပါတယ်။ လက်ရှိတွေ့နေရတာက သာမန်တွေ့ ရှိမှုပါ။ သာမန်ထက်ပိုလာလို့ အလုံးအရင်းတွေ့လာပြီဆိုရင် လက်ရှိ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်း ထက်ပိုပြီး စုံစမ်းစစ်ဆေးသွားပါမယ်။ လက်ရှိအနေအထားက စိုး ရိမ်စရာမဟုတ်သေးတဲ့ အတွက် ဗဟိုဘဏ်အနေနဲ့ အထူးတလည် စီစဉ်မှု မရှိသေးပါဘူး” ဟု ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသည်----

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger