ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို တိုင်းဒေသကြီး တပ်မတော်သားကိုယ်စားလှယ်အဖြစ် အစားထိုးခန့်

Thursday, July 12, 20120 မှတ်ချက်များ

ရန်ကုန်၊ဇူလိုင်-၁၂
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေအား ဒုတိယသမ္မတအဖြစ် နာမည်စာရင်း တင်သွင်းပြီးနောက် ယခင်နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုးပြောင်းလဲလိုက်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ်မှ ဒုတိယသမ္မတအဖြစ် ခန့်အပ်ခြင်း ခံရနိုင်ဖွယ်ရှိသည့် ဦးမြင့်ဆွေ၏ နေရာတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က တစ်ပြေးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ဦးမြင့်ဆွေ ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယတိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့နောက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏စစ်ဘက်ဆိုင်ရာ နောက်ဆုံးတာဝန်မှာ စစ်ထောက်ချုပ်တာဝန် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် (ကြည်း-၁၃၉၃၂)သည် ရန်ကုန်တိုင်းဒေသကြီး၏ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးလင်းလင်းကျော် (ကြည်း-၃၈၅၈၀)နေရာတွင် အစားထိုး ခန့်အပ်ခံရခြင်း ဖြစ်သည်။

by 7Day News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger