ဗြိတိန်မှ ကားဆားဗစ် စင်တာကြီး တစ်ခု မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည်

Sunday, June 24, 20120 မှတ်ချက်များ


ဗြိတိန်နိုင်ငံမှ ကားဆားဗစ် စင်တာကြီး တစ်ခုကို မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီမှာ မြန်မာနိုင်ငံသားတွေလဲ အလုပ်အကိုင်ရရှိစေမယ့် ကားဆားဗစ်စင်တာကြီး တစ်ခု လာရောက်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ အကောင် အထည်ပေါ်လာနိုင်ပါတယ်”ဟု ဗြိတိန်နိုင်ငံအခြေစိုက် မန်နေဂျင်းဒါရိုက်တာ မစ္စတာမိုက်ကယ်ကော့တဲလိုက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

အဆိုပါကုမ္ပဏီသည် ဗြိတိန်နိုင်ငံတွင် အခြေစိုက်ကာ ယူကေ၊ ယူအက်စ်အေနှင့် ယူရိုနိုင်ငံများ မှ ထုတ်လုပ်သည့် ဘတ်စ်ကား၊ Truck ကားနှင့် စိုက်ပျိုးရေးသုံးအပါအ၀င် မော်တော်ကားများအား ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ဆားဗစ်စင်တာဆောက်ပြီးတာနဲ့ အလုပ်သမားတွေကို သင်တန်းတွေပေးမယ်။ နောက်ပြီး Customer ကို အကောင်းဆုံး ၀န်ဆောင်မှုပေးသွားပါမယ်”ဟု မစ္စတာမိုက်ကယ်ကော့တဲလိုက ထပ်ပြောသည်။

အဆိုပါကားဆားဗစ်စင်တာနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့များမှ လိုအပ်သည့် မူဝါဒပိုင်းနှင့် လုပ်ထုံး လုပ်နည်းပိုင်းတို့အား ညှိနှိုင်းနေရသောကြောင့် ယင်းအတွက် မည်မျှရင်းနှီးမြှုပ်နှံရမည်ကို ဖော်ပြနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း အင်္ဂလန်နိုင်ငံ၏ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ယခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၅၉ ဒသမ ၇၈၅ ရှိနေကြောင်း သိရသည်။

Flower News Journal(ပန်းသတင်းဂျာနယ်)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger