skip to main |
skip to sidebar
စစ်တွေမြို့ပေါ် ရပ်ကွက်အချို့ မီးလောင်မှုဖြစ်ပွား
ဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသော
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဓည၀တီရပ်ကွက်၊ မကျည်းမြိုင် (၅)
ရပ်ကွက်နှင့် နာဇီရွာတို့တွင် မီးလောင်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓည၀တီရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေပြီး စစ်တွေမြို့တွင်းသို့ ဘဂါင်္လီလူမျိုးအများအပြားဝင်ရောက်လာမှုကြောင့်
ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်နေကြောင်း၊ ယင်းသို့
သေနတ်များဖြင့် ပစ်ခတ်သော်လည်း ဘဂါင်္လီလူမျိုးများမှာ ဆုတ်ခွာမသွားဘဲ
ရှေ့ဆက်တိုးလာကြကြောင်း၊ ယခုအခါ စစ်တွေမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများ
ပိုများလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly က ဒေသခံများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ဖုန်းထဲမှ သေနတ်သံများကို ကြားနေရသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။